
ကုလသမဂ္ဂ၌ ကျင်းပမည့် ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ ဦးဆောင်သော သံတမန်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် နယူးယောက်မြို့သို့ ရောက်ရှိလာကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလက အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကိုတိုက်ခိုက်သဖြင့် အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အာရက်ချီသည် အမေရိကန်သို့ ရောက်လာသည့်အီရန်၏
အဆင့်အမြင့်ဆုံး အစိုးရအရာရှိ ဖြစ်လာသည်။
အာရက်ချီသည် နယူးယောက်သို့ ရောက်ရှိပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ဖုန်းစကားပြောခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ အစီအစဉ်များနှင့် ပတ်သက်၍
အမြင်ချင်းဖလှယ်ခဲ့သည်ဟုအီရန်နိုင်ငံပိုင်ရုပ်သံကဖော်ပြခဲ့သည်။
"ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံးရည်ရွယ် ချက်ကတော့ ဒီလို အဓိကကျတဲ့ နိုင်ငံ တကာစင်မြင့်ကို အသုံးပြုပြီး အီရန်ပြည်သူတွေရဲ့ တရားဝင်မှု၊ ရပိုင်ခွင့်တွေနဲ့ အကျိုး စီးပွားတွေကို ကာကွယ်သွားဖို့ ဖြစ်ပါတယ်" ဟု အာရက်ချီက အီရန်သတင်းထောက်များကို ပြောကြားခဲ့သည်ဟုဖော်ပြထားသည်။
ယခင်က အီရန်နိုင်ငံပိုင် မီဒီယာများတွင် အီရန်သံတမန်အဖွဲ့ကို သမ္မတ မာဆွတ်ပီဇက်ခီယန် ဦးဆောင်မည်ဖြစ်ဟု ဖော်ပြခဲ့ပြီးအမေရိကန်အစိုးရသမ္မတ၏ပြန်ကြားရေးအဖွဲ့ အပါအဝင် အဖွဲ့ဝင်အချို့ကိုဗီဇာထုတ် ပေးရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း အာရက်ချီ နယူးယောက်သို့ ရောက်လာခြင်းနှင့် ပတ်သက်၍နိုင်ငံခြား ရေးဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူအက်စမေးလ်ဘာကေးက ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံခြားရေးဝန်ကြီးအား အထွေထွေညီလာခံသို့ တက်ရောက်မည့် "သံတမန်အဖွဲ့၏ ခေါင်းဆောင်"ဟုရေးသား ဖော်ပြထားသည်။
ညီလာခံကျင်းနေချိန်အတွင်း ဝန်ကြီး အာရက်ချီသည် တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အစိုးရအရာရှိများနှင့် ဆွေးနွေး တိုင်ပင်မည်ဟု ဘာကေးကပို့စ် ဆက်လက် ဖော်ပြ ထားသည်။
Ref:AFP