
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကသည် လက်နက်စနစ်အသစ်တစ်ခု စမ်းသပ်မှုကို အနီးကပ် ကြီးကြပ်ခဲ့ပြီး ယင်းသည် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ နည်းပညာ တိုးတက်လာမှုကို သက်သေပြနေခြင်းဖြစ် ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက စက်တင်ဘာ ၂၂ ရက် တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ အရှေ့ ဘက် ကမ်းလွန်ပင်လယ်ပြင်အတွင်းသို့ တာ တိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ က ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာတွင် KCNA ၏ သတင်းထုတ်ပြန်ချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ဂျပန်နှင့် တောင်ကိုရီယားနှစ်နိုင်ငံစ လုံးက မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ် မှုများကို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကို ခြိမ်းခြောက်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ ကြသည်။
မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ဥပဒေ ကြောင်းအရ အတည်ပြု ပြဋ္ဌာန်းထားပြီး နိုင်ငံ ၏ နျူကလီးယား လက်နက်တိုက်သည် အမြဲ တမ်း တည်ရှိနေမည်ဖြစ်ကာ အပြောင်းအ လဲလုပ်၍ မရနိုင်ကြောင်း ကင်က ထပ်လောင်း ကြေညာထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ဆိုင် ရာ ဗျူရိုသည် စက်တင်ဘာ ၂၀ ရက်က ခေါင်း ဆောင် ကင်ဂျုံအွန် ကိုယ်တိုင် တက်ရောက် လေ့လာနေစဉ်အတွင်း လက်နက်စနစ်သစ် တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည် KCNA က ဖော်ပြခဲ့သည်။
အဆိုပါ လက်နက်စနစ် ပါဝင်သည့် အ သေးစိတ် အချက်အလက်များကို သီးခြား ဖော်ပြခဲ့ခြင်း မရှိသော်လည်း ယင်းပစ်ခတ်မှု သည် အလွန်ခေတ်မီသော ကာကွယ်ရေး နည်းပညာကို အမှန်တကယ် ပေါ်လွင်ထင် ရှားစွာ ပြသလိုက်ခြင်း ဖြစ်သည်ဟု ကင်က ချီးကျူးပြောကြားခဲ့သည်ဟု ဆိုသည်။
ယခုကဲ့သို့ တိုးတက်မှုများသည် ရန်သူ များကို ခေါင်းခဲစရာ ပြဿနာတစ်ခုနှင့် ရှောင် လွှဲ၍မရသည့် ထိုးနှက်ချက်တစ်ရပ်ပေးစွမ်း နိုင်လိမ့်မည်ဟု ကင်က သတိပေးခဲ့ကြောင်း kcna က ဖော်ပြခဲ့သည်။
ယခုကဲ့သို့ နည်းပညာမျိုး ပိုင်ဆိုင်ရရှိ ခြင်းသည် စစ်ပွဲအတွက် အသင့်ပြင်ဆင်ထား မှုနှင့် စစ်တပ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက် မှုတို့အတွက် အလွန်အရေးကြီးကြောင်း ကင် က ပြောကြားခဲ့သည်။
Ref : afp
photo : afp
#KCNA #မြောက်ကိုရီးယားနိုင်ငံ၏ဒုံးကျည်ဆိုင်ရာဗျူရို #မြောက်ကိုရီးယားနိုင်ငံ #elevennews #ကင်ဂျုံအွန်