Myanmar National Post

ကျောက်ဆည်မြို့၌ ယခင်နှစ်များအတိုင်း ဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်



ကျောက်ဆည်၊ စက်တင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များအတိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး ဆင်အကအလှပြိုင်ပွဲဦးစီးကော်မတီအတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိုက်ထိုက်ဇော်နှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌတို့က မဏ္ဍပ်ဆောက်လုပ်ရေး၊ အမှတ်ပေးဒိုင်များရွေးချယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး စသည့်လုပ်ငန်းများအကြောင်း ဆပ်ကော်မတီဥက္ကဋ္ဌများက  ကဏ္ဍအလိုက်ဆွေးနွေးသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ဆင်အကအလှ ပြိုင်ပွဲစည်ကားရေး ဆပ်ကော်မတီများအနေဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများနှင့်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


 သက်မောင်(ကျောက်ဆည်)

#News #Myanmar

မူရင်းသတင်း — Myanmar National Post