Eleven Media Group

အီရန်သည် မည်သည့်အခါမျှ ဒူးထောက်အရှုံးပေးလိမ့်မည်မဟုတ်ဟု အီရန်သမ္မတက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ဒေါ်နယ်ထရန့်ကို သတိပေး

အီရန်သမ္မတက အမေရိကန်နှင့်အစ္စ ရေးပူးပေါင်းပြီး ၎င်းင်း၏နိုင်ငံကို စစ်ပွဲဆင်နွှဲဲခဲ့ ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စက် တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ၌ မိန့်ခွန်း ပြောကြားခဲ့ရာ၌ လေသံမာမာဖြင့် ပြောကြား ခဲ့ပြီး တီဟီရန်သည် မည်သည့်အခါမျှ ဒူး ထောက်လိမ့်မည်မဟုတ်ဟု ဆိုခဲ့သည်။

အီရန်ခေါင်းဆောင်ဟောင်း အယာတို လာအလီခါမေနီကို ပဋိပက္ခအစပိုင်းတွင် လုပ်ကြံသည့်အတွက် အမေရိကန်သည် အကြမ်းဖက်ဝါဒကို ကျူးလွန်ခဲ့သည်ဟု အီရန်သမ္မတမာဆွတ်ပီဇက်ခီယန်က စွပ်စွဲ ခဲ့ပြီး တီဟီရန်က စစ်ပွဲကို ဘယ်တော့မှ စတင် ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၂ ရက်တွင် သမ္မတဒေါ် နယ်ထရန့်က ၎င်းင်းသည် အီရန်ကို အမြစ်ဖြတ် ချေမှုန်းပစ်ရန် ချိန်ဆနေသည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံကို ပြောကြားခဲ့သည် ဆိုသော်လည်း အီရန်နှင့် အမေရိကန်စေ့စပ်ဆွေးနွေးသူများ ဆွေးနွေးပွဲများ ပြန်လည်စတင်နေသည်ကို ထုတ်ဖော်ချီးကျူးခဲ့သည်။

ပီဇက်ခီယန်က မာမာထန်ထန်ပြော ကြားသော မိန့်ခွန်းတွင် အရှုံးအနိုင်အဖြေမထွက်သော စစ်ပွဲကို ဖြေရှင်းရေးအတွက် ဆွေးနွေးနေသည့်ကိစ္စအား ပြောကြားခဲ့ခြင်း မရှိပေ။

“ပိတ်ဆို့မှုတွေ ချမှတ်ခံရတာ၊ ဖိအားပေးတာတွေ တိုးလုပ်လာတာ၊ အနိုင်ကျင့်တာတွေတိုးလုပ်လာတာတို့ဟာ အီရန် ပြည်သူတွေရဲ့ခုခံအားကို မြင့်တက်လာစေတယ်ဆိုတာ ထရန့် သိထားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ဘယ်တော့ မှ ခေါင်းငုံအရှုံးပေးမှာမဟုတ်သလို ဘယ်တော့မှ ဒူးထောက်အရှုံးပေးမှာမဟုတ်ပါ ဘူး”ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။

ပီဇက်ခီယန်က ၎င်း၏နိုင်ငံကိုတိုက်ခိုက် ရာတွင်သြဇာအရှိန်အဝါအနေဖြင့် အသုံးပြု သည့် ဟော်မုဇ်ရေလက်ကြားကို ခွင့်ပြုလိမ့် မည်မဟုတ်ဟု ပြောကြားခဲ့သည်။ အီရန်က စစ်ပွဲစတင်ကတည်းက ဟော်မုဇ်ရေလက် ကြားကို ပိတ်ထားသောကြောင့် ကမ္ဘာ့စွမ်းအင် စျေးများ မြင့်တက်နေခဲ့သည်။

“ကျွန်တော်တို့က အခမဲ့ဖြတ်သန်းခွင့် ပေးမှာမဟုတ်ပါဘူး။ အဲဒီရေလမ်းကြောင်း ကနေ သူတို့ရဲ့အကျိုးစီးပွားတွေကို မြှင့်တင် တာမျိုးကို တီဟီရန်က ခွင့်မပြုနိုင်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ကို ကျူး ကျော်ဖို့အဲဒီရေလမ်းကြောင်းကို အသုံးပြုတာ မျိုးကိုလည်း ကျွန်တော်တို့က ခွင့်မပြုနိုင်ပါ ဘူး”ဟု ပီဇက်ခီယန်က ပြောကြားခဲ့သည်။

မန်ဟတ်တန်၏အချက်အချာနေရာ၌ ကုလသမဂ္ဂ၏အထင်ကရ သံတမန်ဆိုင်ရာ အခမ်းအနားကို ပီဇက်ခီယန်၏တက်ရောက်မှုသည် အမေရိကန်က သူ့အား ဗီဇာထုတ်ပေးခြင်းပြုမပြု ရှင်းရှင်းလင်းလင်း မသိရသဖြင့် သို့လောသို့လော ဖြစ်စရာဖြစ်နေခဲ့ရ သည်။

နောက်ဆုံးတွင် အမေရိကန်အစိုးရက ပီဇက်ခီယန်ကို ဗီဇာခွင့်ပြုပေးခဲ့သည်ဆိုသော်လည်း သမ္မတပီဇက်ခီယန်၏အဖွဲ့ဝင် အချို့ကို ဗီဇာထုတ်မပေးခဲ့ခြင်းမရှိဟု သိရသည်။

Ref; AFP

မူရင်းသတင်း — Eleven Media Group