Eleven Media Group

သမ္မတဗလာဒီမာပူတင်က ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ၄၇ နိုင်ငံမှ တိုက်ခိုက်ရေးသမားများကို အသုံးပြုနေသည်ဟု ဇယ်လန်းစကီးပြောကြား

ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူရိန်းစစ်ပွဲကို ဆင်နွှဲရန် ၄၇ နိုင်ငံမှ တတိယနိုင် ငံတိုက်ခိုက်ရေးသမား များကို အသုံးပြုနေသည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက စက်တင်ဘာ ၂၃ ရက်တွင် စွပ်စွဲပြော ကြားသည်။

မြောက်ကိုရီးယားနှင့် ရုရှားတို့၏ကာ ကွယ်ရေးဆက်ဆံမှုများကို အလေးပေးပြော ကြားသော ဇယ်လန်းစကီးက ယူကရိန်းကို ရုရှားတိုက်ခိုက်ရာတွင် အသုံးပြုသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိသဖြင့် တောင်ကိုရီးယားသို့ ပို့လိုက်သည်ဟု ဆိုသည်။

ဇယ်လန်းစကီးက ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် ပြောကြားရာ၌ “ပူတင်ဟာ လူများများသတ်တာ၊ နယ်မြေတစ်ကီလိုမီ တာသိမ်းဖို့ လူပိုသတ်တာတွေမှာသူ့ကို ကူညီ နိုင်သူတွေကို အမြဲရှာနေတာပါ။ သူဟာ ကိုယ့် နိုင်ငံကို စီမံအုပ်ချုပ်ဖို့နဲ့ ကာကွယ်ဖို့ဆိုတာ ထက် နယ်မြေပိုသိမ်းဖို့နဲ့အခြားနိုင်ငံကို သိမ်း ပိုက်ဖို့ လုပ်ဆောင်ရာမှာ သူ့ကို အကူအညီ ပေးနိုင်တဲ့သူတွေကိုပဲ ရှာနေတာပါ”ဟု ပြော ကြားခဲ့သည်။

“ရုရှားဟာ စစ်ပွဲမှာ ၄၇ နိုင်ငံရဲ့နိုင်ငံ သားတွေကို အသုံးပြုနေတယ်ဆိုတာ ကျွန် တော်တို့ သိပါတယ်”ဟု ဇယ်လန်းစကီးက ဖြည့်စွက်ပြောခဲ့သည်။ စစ်ပွဲတွင် ဂါနာ၊ နီပေါ၊ အိန္ဒိယနိုင်ငံသားတို့ကို ဖမ်းမိခဲ့သည်ဟု ဆို သည်။

“ကျွန်တော်တို့ဟာ မြောက်ကိုရီးယား စစ်အကျဉ်းသားနှစ်ဦးကို မကြာသေးမီကပဲ တောင်ကိုရီးယားကို ပို့ပေးခဲ့ပါတယ်။ အဲဒီ လူတွေဟာ အသက်ရှင်လျက် ဖမ်းမိဖို့ မလွယ် ကူပါဘူး”ဟု ယူကရိန်းသမ္မတကဖြည့်စွက် ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက မဟာမိတ်များနှင့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည့် ဒရုန်း စာချုပ်များကို အမွှမ်းတင်ပြောကြားခဲ့ပြီး ဒရုန်းနည်းပညာနယ်ပယ်တွင် ယူကရိန်းသည် ကမ္ဘာ့ထိပ်တန်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က ဒရုန်းသဘောတူစာ ချုပ်တွေကတစ်ဆင့် ပင်လယ်ကွေ့၊ တောင် ကော်ကေးဆပ်၊ ဥရောပတို့ကို မိတ်ဖက်တွေနဲ့ တွဲလုပ်နေပါတယ်။ ဒီနေ့မှာပဲ ကျွန်တော်ဟာ ဖင်လန်နဲ့ အရေးကြီးတဲ့ ဒရုန်းသဘောတူစာ ချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်”ဟု ဆိုသည်။ “ဒီနေ့(စက်တင်ဘာ ၂၃ ရက်)မှာပဲ လုံခြုံရေး သဘောတူညီချက်ကို သြ စတြေးလျနဲ့ လက် မှတ်ရေးထိုးခဲ့ပါတယ်။ အဲ ဒီသဘောတူစာ ချုပ်ထဲမှာ ဒရုန်းနဲ့ပတ်သက်တာလည်း ပါဝင် ပါတယ်”ဟု ဆိုသည်။ ကနေဒါနှင့်လည်း စာ ချုပ်မည်ဟုဆိုသည်။ Ref; AFP

မူရင်းသတင်း — Eleven Media Group