Myanmar National Post

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ စက်တင်ဘာ ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် သစ်အယ်ပင်-ထယ်သွန်းလမ်းတွင် ၁၉၈၅ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။              

အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၃၈၃၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်သီးနှံများ ရောင်းဝယ်ဖောက်ကားသယ်ယူပို့ဆောင်ရာတွင် ယခင်ကထက် ပိုမိုချောမွေ့လွယ်ကူလာမည်ဖြစ်သဖြင့် ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုလျက်ရှိသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post