
ဘုတလင်မြို့အနီး ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိမြေငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါငလျင်မှာ စက်တင်ဘာ ၂၅ ရက်မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၄၃) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၆၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဘုတလင်မြို့၏ တောင်ဘက် (၇) မိုင်ခန့် အကွာ)တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ငလျင်မှာ အနက် (၁၁၀) ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ပြီး ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိကြောင်း မိုးဇလက ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်ကလည်း မန္တလေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချမ်းမြသာစည်မြို့နယ်၏ အရှေ့-အရှေ့တောင်ဘက် (၃) မိုင်ခန့် အကွာ)၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။