




ရန်ကုန်၊ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊မှော် ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟို ၏လမ်းညွန်မူ့ဖြစ် ရန်ကုန်တိုင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း မှကြီးမှူး၍ ပြည်တွင်းပြည်ပ ပသုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဟောကြားတော်မူသည့် (၃၈)ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲကို ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင်အဆိုပါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တရားပွဲကို နံနက် ၉း၀၀ နာရီတွင်ထန်းတပင်မြို့နယ်၊ နဲသမိန်စံပြကျေးရွာရှိ ခေမာသိဝံအထက်ကျောင်းတွင် လည်းကောင်း၊ နေ့လည် ၁း၀၀ နာရီတွင် ကျွဲကူးကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ ရာပြည်ကျောင်းတိုက်တွင် အ.လ.က ကျွဲကူး၊ အ.ထ.က ( ခွဲ )အုတ်ဖိုတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ကြရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ တက်ရောက်ကြည်ညိုကာ တရားတော်များကို မှတ်သားနာယူခဲ့ကြသည်။
ယင်းတရားပွဲအခမ်းအနားသို့ (YMBA) (ရန်ကုန်တိုင်းဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဒုဥက္ကဋ္ဌဦးထင်ကျော်မိုး၊ ဦးသန့်စင်လင်း တိုင်းတွဲဖက်အတွင်းရေးမှူး ဦးစိုးဝင်း၊ မြို့နယ် ဒုဥက္ကဋ္ဌဦးစိန်သောင်၊ ဦးဇော်သိန်း နှင့် အတွင်းရေးမှူး ဦးရန်လင်းအောင်၊ အလုပ်အမှုဆောင်များ၊ EC အဖွဲ့ဝင်များ ရပ်ကျေးအဖွဲ့ဝင်းများ မြို့နယ် ပြည်ထောင့်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများနှင့် တက်ရောက်ခဲ့ကြသည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာ/ဆယ်များ ဂေါပကအဖွဲ့ဝင်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များလည်း တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
#News #Myanmar