Eleven Media Group

မြန်မာ့အရေးကို မြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းသည့်နည်းလမ်းကို ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ပြောကြား

မြန်မာ့အရေးကို မြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းသည့်နည်းလမ်းကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားခဲ့သည်။

အနူတင်သည် စက်တင်ဘာ ၂၁ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန့်မာအရေးကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ထိရောက်မှု၊ ချိန်ညှိမှုရှိသည့် ပြန်လည် ထိတွေ့ဆက်ဆံမှု၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်ခိုင်မာသည့် ဖြေရှင်းရေးနည်းလမ်းကို မြန်မာနိုင်ငံက ဦးဆောင်ပြုလုပ်ရေးကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း အနူတင်က ပြောကြားခဲ့သည်။

သြဂုတ်လအတွင်းက မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်တွင် ထိုင်းဝန်ကြီးချုပ်အနူတင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် သဘောတူညီခဲ့သည်။

Ref:AA

မူရင်းသတင်း — Eleven Media Group