Eleven Media Group

ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသင့်ဟု တရုတ်က ကုလသမဂ္ဂမိန့်ခွန်းတွင် အမေရိကန်ကို စောင်းပြော

စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တရုတ်နိုင်ငံက မိန့် ခွန်းပြောကြားခဲ့မှုအတွင်း အမေရိကန်ကို နာမည်တပ်မပြောခဲ့သော်လည်း အမေရိကန်ကို ရည်ညွှန်းကာ ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသင့်ကြောင်းနှင့် ကျူးဘားကို ဖိအားပေးပိတ်ဆို့ ထားသည့် လုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံက ရပ်တန့်သင့်ကြောင်း ပြောဆိုသွားသည်။

တရုတ်ဒုတိယသမ္မတ ဟန်ကျန်းက တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်ပြီး “ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အင်အားကြီးနိုင်ငံတွေမှာ အဓိက တာဝန်ရှိပါတယ်။ နိုင်ငံတကာ စည်းမျဉ်းတွေ ကို လိုက်နာမှု ၊ ဥပဒေစိုးမိုးရေးကို လက်ကိုင်မှုတို့မှာ အင်အားကြီးနိုင်ငံတွေက ရှေ့ဆောင်လမ်းပြသင့်တယ်”ဟု ဆိုသည်။

ကျုးဘားအရေးနှင့်ပတ်သက်၍လည်း တရုတ်ဒုတိယသမ္မတဟန်က “တရုတ်နိုင်ငံ အနေနဲ့ သက်ဆိုင်ရာနိုင်ငံကို တိုက်တွန်းချင် တာရှိပါတယ်။ ကျူးဘားကို အတင်းဖိအားပေး နေတာတွေ ၊ ပိတ်ဆို့အရေးယူထားတာတွေ အမြန်ဆုံးရပ်ပါ” ဟု မိန့်ခွန်းထဲထည့်ပြောသွား သည်။

ကျူုးဘားသို့ ရေနံများ မရောက်ရှိအောင် အမေရိကန်က ပိတ်ဆို့ထားပြီး ယခုလအစော ပိုင်းက ကျူးဘား၏ လျှပ်စစ်ဓာတ်အားစနစ် လုံးဝယိုယွင်းသွားသဖြင့် တစ်နိုင်ငံလုံး အမှောင်ကျကာ သန်းနှင့်ချီသည့်ပြည်သူများ မီးမရှိဘဲ နေခဲ့ရသည်။

ဆက်လက်ပြီး ဟန်က နိုင်ငံသေးသေး၊ ကြီင်္းကြီး အားလုံးက နိုင်ငံတကာအသိုင်းအဝိုင်း ၏ အဖွဲ့ဝင်အတူတူပင်ဖြစ်ကြောင်း ၊ထို့ကြောင့် ကမ္ဘာ့ရေးရာများကို နိုင်ငံအားလုံးက ညှိညှိနှိုင်းနှိုင်းဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

Ref;Reuter

မူရင်းသတင်း — Eleven Media Group