
ဆော်ဒီအာရေဗျနိုင်ငံ၊ မြို့တော်ရီယာ့ဒ်တွင် စာသင်ကျောင်းများကို တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ပြီး အွန်လိုင်း သင်ကြားရေးစနစ်သို့ ပြောင်းထားကြောင်း စက်တင်ဘာ ၂၇ ရက်တွင် အီးမေးလ်များပို့ကာ ကျောင်းသားမိဘ များထံ အချိန်ကပ်အကြောင်းကြားမှုများ ရှိလာသည်ဟု သိရသည်။
စာသင်ကျောင်းများ ပိတ်လိုက်ရသည့် အကြောင်းရင်းကို အာဏာပိုင်များက မထုတ်ပြန်သော်လည်း ပင်လယ် ကွေ့ဒေသတွင် တင်းမာမှုများ မြင့်တက်နေချိန် ၊ ယီမင်ဟူသီအဖွဲ့က ဆော်ဒီအာရေဗျကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ နေ့စဉ်နီးပါးပြုလုပ်လာချိန်နှင့် တိုက်ဆိုင်နေသည်။
“အနားနီးမှ ဆုံးဖြတ်လိုက်တာ။ ဘာတွေဖြစ်နေလို့လဲ မသိဘူး” ဟု ရီယာ့ဒ်တွင် နေထိုင်သည့် လက်ဘနွန် ပြည်ပြေးတစ်ဦးက ပြောသည်။
ဆော်ဒီကို ဦးတည်လာသည့် ဒရုန်းများ နှင့် ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ပစ်ချလိုက်ကြောင်း ယီမင်ဟူ သီများကို နှိမ်နင်းနေသည့် (ဆော်ဒီဦးဆောင်သော) ညွှန့်ပေါင်းတပ်က ထုတ်ဖော်ပြောပြီး နောက်တစ်နေ့တွင် ကျောင်းပိတ်သည့် ကြေညာချက် ထွက်လာခြင်း ဖြစ်သည်။
Ref:The Peninsula