
ယီမင်၌ တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်း၏တပ်ဖွဲ့များက မဟာဗျူဟာကျသော ဘက်အယ်မန်ဒေဘ် ရေလက်ကြားတစ်ဝိုက်ရှိ အဓိကနေရာများကို ဟူသီများထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယီမင်တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ယီမင်အစိုးရတပ်ဖွဲ့များက ရေလက်ကြား၏ မြောက်ဘက်ရှိ ဒူးဘက်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယီမင်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သူတို့က ဘက်နှင့် ဟာအေဒက်မြို့တို့ကိုလည်း ပြန်လည်သိမ်းပိုက်ခဲ့သည်ဟုသိရသည်။ တင့်ကားများနှင့် တပ်ဖွဲ့များ ထိုမြို့များထဲသို့ ဝင်လာသည်ဟု မျက်မြင်တွေ့သူများကပြောသည်။
အီရန်ကျောထောက်နောက်ခံပေးထားသော ဟူသီက ၎င်းတို့သည် ဆော်ဒီအာရေးဗျနိုင်ငံရှိ ဧရိယာအချို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အာရမ်ကို ရေနံသန့်စင်စက်ရုံ၊ အခြားနေရာများ တိုက်ခိုက်ခဲ့သည်ဟု အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ယီမင်နိုင်ငံရှိ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းက ပင်လယ်နီရှိ ဟူသီပစ်မှတ်များကို ဖျက်ဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။
ရီယာဒ်နှင့် ၎င်း၏အကူအညီပေးနေသော ယီမင်အစိုးရတပ်က ဟူသီအုပ်စုထိန်းချုပ်ထားသော နယ်မြေအားလုံးကို ပြန်လည်သိမ်းယူရန် ရည်မှန်းချက်ကြီးမားသော ထိုးစစ်ကို စတင်ချိန်တွင် ပါကစ္စတန်နှင့် တူရကီတို့က အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်သစ်အရ ဆော်ဒီအာရေးဗျသို့ စစ်သားများ စေလွှတ်ပေးရန် ကတိပေးခဲ့ကြသည်။
ယီမင်စစ်တပ်က တိုက်ခိုက်မှုအကြိမ်ရေ ၁,၀၀၀ ကျော်လုပ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ဟူသီထိန်းချုပ်ထားသည့် မြို့တော်ဆာနားကို ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သည်ဟု ဆိုသည်။
ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအတွက် ပြောရေးဆိုခွင့်ရှိသူ တာကီအယ်မာကီက X တွင် ပြောကြားရာ၌ ၎င်းတို့၏ ရေတပ်က ပင်လယ်နီကမ်းရိုးတန်းပေါ်ရှိ ဒေသဒေါင်းက ဟူသီတို့ ပိုင်ဆိုင်သော စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“သူတို့က လက်နက်ကိုင်ဒရုန်းတွေထောင်ချောက်ဆင်တဲ့ ရေယာဉ်တွေနဲ့ ရေမြှုပ်မိုင်းတွေ သို့လှောင်ထားတဲ့ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။ ပင်လယ်နီတောင်ပိုင်းမှာရှိတဲ့ ရေလမ်းကြောင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့ စီစဉ်ထားတာကိုလည်း တားဆီးခဲ့ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
ဟူသီပြောရေးဆိုခွင့်ရှိသူက ၎င်းတို့၏အုပ်စုသည် ဆော်ဒီမြို့တော် ရီယာဒ်၏ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်ခဲ့သည့်အပြင် အာရမ်ကို ရေနံသန့်စင်စက်ရုံနှင့် ဆော်ဒီတောင်ပိုင်းရှိ အခြားပစ်မှတ်များကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
Ref: AFP, AP