
နျူကလီးယားလက်နက်သယ်ဆောင်နိုင်စွမ်းရှိသောဒုံးကျည်ကို ပြင်သစ်၏စမ်းသပ်ပစ်လွှတ်မှုက ဥရောပ၏စစ်ရေးတည် ဆောက်မှုကိုသက်သေပြနေသည်ဟု အောက်တိုဘာ ၇ ရက်တွင် ကရင်မလင်က ပြောကြားခဲ့ပြီး ရုရှားက အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဖြည့် စွက်ပြောကြားခဲ့သည်။
စမ်းသပ်မှုသည် ပြင်သစ်အနောက်ဘက် ကမ်းရိုးတန်းအလွန်တွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်ခြင်းဖြစ်သည်ဟု ပြင်သစ်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမ်-၅၁ ဒုံးကျည်မူကွဲဖြစ်သောဒုံးကျည်သည် နျူကလီးယားထိပ်ဖူးသယ်ဆောင် ထားခြင်းမရှိကြောင်း၊ ကမ်းရိုးတန်းမှကီလိုမီတာရာချီဝေးသော မြောက်အတ္တလန်တိတ် သမုဒ္ဒရာထဲ ကျဆင်းသွားခဲ့ ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်က စမ်းသပ်မှုကို အောင်မြင်မှုတစ်ရပ်အဖြစ် ခိုင်းနှိုင်းခဲ့ပြီး ယင်းသည် ခိုင်မာသော သတင်းစကားပါးခြင်း၊ ပြတ်သားသော သတင်းစကားပါးခြင်းဖြစ်သည်ဟု ဗီဒီယိုတွင် ပြောကြားခဲ့သည်။
"ဥရောပဟာ စစ်ရေးတည်ဆောက်မှု အယူအဆကို စွဲလန်းနေပါတယ်။ ဒီလိုမျိုး ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ဒီလိုမျိုးအကြံအစည်တွေကြောင့် ရုရှားဟာ နိုးနိုးကြားကြားရှိနေရပါတော့မယ်။ ကျွန်တော်တို့ ဒါကို အနီးကပ် စောင့်ကြည့်နေပါတယ်"ဟု ရုရှားအစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့က သတင်း ထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ပြင်သစ် အပါအဝင် ယူကရိန်း၏ဥရောပမဟာမိတ်များနှင့် ရုရှားတို့ တင်းမာမှုများ မြင့်တက်လာနေသည်။
ရုရှားသည် ယူကရိန်း၏ဥရောပမဟာမိတ်များကို မျိုးစပ်စစ်ပွဲဆင်နွှဲနေသည်ဟုနေတိုးက စွပ်စွဲထားသည်။ ယင်းစွပ်စွဲချက်ကို ရုရှားက ပယ်ချထားသည်။
■ Ref:AFP