Eleven Media Group

■ ပလိပ်ရောဂါနှင့်သက်ဆိုင်သောသတင်း များကို ရုရှားကပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကုလသမဂ္ဂတို့ကတောင်းဆို

ပလိပ်ရောဂါနှင့်သက်ဆိုင်သော သတင်း များကို ရုရှားကပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကုလသမဂ္ဂတို့က အောက်တိုဘာ ၇ ရက်တွင် တောင်းဆိုခဲ့သည်။

ရုရှားက ပလိပ်ရောဂါ ဓာတ်ခွဲခန်းပညာရှင် ဆိုက်ဘေးရီးယားတွင် သေဆုံးသည့် သတင်းကို ပွင့်လင်းမြင်သာမှုရှိပြီး ချိန်သားကိုက် ထုတ်ပြန်ပေးရန် ဥရောပသမဂ္ဂ (အီးယူ)က အောက်တိုဘာ ၇ ရက်တွင် တောင်းဆိုခဲ့သည်။

"ယုံကြည်ရတဲ့ ရောဂါကူးစက်ပျံပွားခြင်း ဆိုင်ရာ တွေ့ရှိချက်နဲ့အဏုဇီဝဗေဒဆိုင်ရာ တွေ့ရှိချက်တွေကို ထုတ်ပြန်ပေးဖို့ လိုအပ် တယ်လို့ ကျွန်မတို့ ယူဆပါတယ်"ဟု ဥရော ပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ အီဗာဟန်စီရိုဗာက ပြောကြားခဲ့သည်။

အီးယူသည် ယင်းကိစ္စနှင့်ပတ်သက်၍ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ အတွက် ဥရောပစင်တာမှပညာရှင်များနှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု သူက ပြောကြားခဲ့ပြီး ကျွန်မတို့က အခြေအနေကို အလွန်ပဲ နီးနီးကပ်ကပ် စောင့်ကြည့်နေပါ တယ်"ဟု ဆိုသည်။

ရုရှားသတင်းဌာန People of Baikal က အောက်တိုဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့ရာ၌ ဆိုက်ဘေးရီးယား၏အာတက်စ် ဒေသရှိ ပလိပ်ရောဂါသုတေသနအင်စတီကျု၌အလုပ်လုပ်နေသော အသက် ၂၈ နှစ် အရွယ်အမျိုးသမီးသည် ကွဲသွားသောစမ်းသပ်ဖန်ပြွန်မှရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့သည်ဟု ဖော်ပြခဲ့သည်။

ရုရှားအာဏာပိုင်များက ထိုသတင်းကို ပယ်ချခဲ့ပြီး အမျိုးသမီးသေဆုံးရသည့် mအကြောင်းရင်းကို အတည်မပြုထားကြောင်း၊ မိမိတို့က ပလိပ်ရောဂါတိုက်ဖျက်ရေး အစီအမံများကို ထုတ်ပြန်ထားသည်ဆိုခြင်းကိုလည်း အာဏာပိုင်တို့ကငြင်းဆန် ထားသည်။

ကူးစက်ရောဂါအန္တရာယ်မရှိဟု ရုရှား ကျန်းမာရေးအေဂျင်စီက အောက်တိုဘာ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ပလိပ်ရောဂါဖြင့် ဒုတိယမြောက်သေဆုံးသူရှိလာသည်ဟူသော သတင်းသည်လည်း သတင်းမှားဖြစ်သည်ဟု ရုရှားအာဏာပိုင်များက ပြောကြားသည်။

သို့တိုင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့က ရုရှားသည် သတင်းများကို ပွင့်လင်းမြင်သာစွာ
ထုတ်ပြန်ပေးရန် တောင်းဆိုထားကြသည်။

မူရင်းသတင်း — Eleven Media Group