Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်

မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(အောက်တိုဘာ ၈ ရက်)တွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်အိမ်တော်၌ ကျင်းပသည့် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်နှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ ကျင်းပမည့် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် တို့သည် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမြင့်ကြိုင်၊ ဦးမင်းနောင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့မှဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group