Myanmar National Post

သရက်ချောင်းမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်း



သရက်ချောင်း  ၊ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက် ကွင်းအမှတ် (၃၇၆ BN)၊ ဦးပိုင် (၃၆)၊ ဧရိယာ (၂)ဧကရှိ တောင်သူဦးစိန်တင်၏ အောင်နိုင်တိုးစပါး စံပြကွက်အား ယနေ့နံနက် ၉ နာရီက(၀.၁၀)ဧကစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အခြောက်(၁၀၃.၅၀)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။ထို့နောက် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက တောင်သူပညာပေးစံပြကွက်စိုက်ပျိုးပြရခြင်းမှာ လာမည့်မိုးစပါးတွင် အောင်နိုင်တိုးစပါး တိုးချဲ့စိုက်ပျိုးလာစေရန်၊ စိုက်နည်းစနစ်မှန်ကန်အောင်စိုက်ပျိုးခြင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်၍ အချိန်ကိုက်အချိုးကျထည့်သွင်းပြီး၊ ဘက်စုံပိုးမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းခြင်းကြောင့် ယခုလိုအထွက်နှုန်းကောင်းမွန်ခဲ့ပါကြောင်းနှင့် ရာသီဥတုဖောက် ပြန်ပြောင်းလဲလာမှုအယ်နီညိုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် သက်ရောက်မှုများအပေါ်ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဌာန မြို့နယ်ဦးစီးမှူး ဦးဝေယံမိုးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post