
ဂျပန်အနေဖြင့် မြန်မာကို အာဆီယံအစည်းအဝေးများသို့ ပြန်လည်ခေါ်ဆောင်ရေးတွင် ကူညီပေးရန် စဉ်းစားသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါက အောက်တိုဘာ ၁၂ ရက်တွင် Nikkei Asia သတင်းဌာနသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံ၏ စည်းလုံးညီညွတ်ရေးအတွက် အရေးကြီးလာလိမ့်မည်ဖြစ်သည်ဟုလည်း ကီရှီဒါက ဆိုသည်။
"မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေနဲ့စပ်လျဉ်းပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း အမြင်တွေ အများကြီးရှိနေချိန်မှာ အာဆီယံစည်းလုံးညီညွတ်ရေးဆိုတဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင် မြန်မာနိုင်ငံကို အာဆီယံမူဘောင်ထဲ သင့်တော်သလို ပြန်လည်ခေါ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ နိုင်ငံအများစုက ထင်မြင်ယူဆထားကြပါတယ်" ဟု ကီရှီဒါက ပြောသည်။
ဂျပန်အနေဖြင့်လည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံနှင့် ပူးပေါင်းပြီး ရှေ့ဆက်လုပ်ဆောင်နိုင်ရန် နည်းလမ်းများကို ရှာဖွေစဉ်းစားသွားရမည်ဟု မိမိက ယူဆထားကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။
Ref: Nikkei Asia