
တရုတ်နိုင်ငံ ချေးငွေများနှင့် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာ အခြေအနေများ မြန်မာ-တရုတ် ဆွေးနွေးကြောင်း သိရသည်။
အောက်တိုဘာ ၁၄ ရက်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် တရုတ် - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံ ချေးငွေများနှင့် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာ အခြေအနေများ၊ နှစ်နိုင်ငံအကြား ငွေပေးချေမှုကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှသင်တန်းများ ပံ့ပိုးဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။