Eleven Media Group

■ ကျိုင်းတုံမြို့တွင် အများပြည်သူသုံးလမ်းပေါ်၌ Toyota Mark-II ယာဉ်အား ဒရစ်ဆွဲမောင်းနှင်သူကို ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ လေယာဉ်ကွင်းသစ်လမ်းပေါ်တွင် Toyota Mark-II ယာဉ်အားစတန့်ထွင်ကာ ဒရစ်ဆွဲမောင်းနှင်သူကို ဖမ်းဆီးအရေးယူထားကြောင်း အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းအရှေ့)၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်မှာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံစာရွက်စာတမ်းများ ပြသနိုင်ခြင်းမရှိသဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် နံနက် ၇ နာရီ ၃၁ မိနစ်ခန့်တွင် အသက် ၂၁ နှစ်အရွယ်ရှိ ယာဉ်မောင်း အမျိုးသားတစ်ဦးသည် ယာဉ်အမှတ် MDY-7 5L/---- ၊ Toyota Mark-II အမျိုးအစား အဖြူရောင်ယာဉ်အား ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းသစ်လမ်းရှိ အများပြည်သူသွားလာသည့် လမ်းပေါ်၌ စတန့်ထွင်ကာ ဒရစ်ဆွဲမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ကို စစ်ဆေးရာတွင် ယာဉ်နှင့်ပတ်သက်သည့် သက်သေခံစာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၂၁၉/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group