Eleven Media Group

‎ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းရှိ မြေကွက်လပ်ပိုင်ရှင်များ‌ မြေကွက်အတွင်းအပြင် ရှင်းလင်းခြင်း၊ ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်ရမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေကွက်လပ်ပိုင်များ‌အနေဖြင့်မြေကွက်အတွင်း အပြင်ရှင်းလင်းခြင်း ၊ မြေကွက်လပ်မျက်နှာစာတွင် ကျောက်တိုင်စိုက်ထူခြင်းနှင့် ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ‎ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

‎ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ် များရှိ အချို့မြေကွက်လပ်များမှာ လူနေထိုင်ခြင်းမရှိ သည့်အတွက် မြက်နှင့်ချုံနွယ်ပိတ်ပေါင်း ထူထပ်စွာ ပေါက်ရောက်လျှက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် မြို့တော် သန့်ရှင်းသာယာ သပ်ရပ် လှပစေရေးအ တွက် မြေကွက်ပိုင်ရှင် သို့မဟုတ် တာဝန်ရှိသူတစ်ဦးက ကိုယ်ပိုင်အစီအစဉ်ဖြင့် မြေကွက်အတွင်း အပြင် ရှင်းလင်းခြင်း ၊ မြေကွက်လပ် မျက်နှာစာအား ကျောက်တိုင်စိုက်ထူ၍ သံစကာခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့လိုက်နာဆောင်ရွက်မှု မရှိပါက ‎ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုန်ကျစားရိတ်ကို သက်ဆိုင်ရာ မြေကွက်ပိုင်ရှင် သို့မဟုတ် တာဝန်ရှိသူက ကျခံရမည်ဖြစ်ကာရှင်းလင်းခများ၏ ကုန်ကျစားရိတ်ကို စနစ်တကျ ပြုစုမှတ်တမ်း ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီကအသိပေး ကြေညာသည်။

မူရင်းသတင်း — Eleven Media Group