Eleven Media Group

အင်းလေးကန်တွင် ပွဲတော်ကာလအတွင်း စက်လှေခစျေးနှုန်း များစွာမြင့်တက်လာနေ

အင်းလေးကန်တွင် ဖောင်တော်ဦး ဘုရားပွဲတော်ကာလအတွင်း စက်လှေခ စျေးနှုန်း ၂ သိန်း ကျော်အထိ များစွာ မြင့်တက်လာနေကြောင်း စက်လှေမောင်းဆရာများထံမှ သိရသည်။

ယခင် အချိန် က စက်လှေခ ၇ သောင်း၊ ၈ သောင်း၊ တစ်သိန်းကျပ် အထိ စျေးနှုန်း ရှိရာမှ ပွဲတော်ကာလ အချိန်တွင် စက်လှေခ တစ်စီးလျှင် တစ်သိန်းခွဲ မှ နှစ်သိန်းကျပ် အထိ ပေါက်စျေး ရောက်ရှိ လာနေကြောင်း သိရသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရားပွဲတော် လည်ပတ်နိုင်ရန်အတွက် ညောင်ရွှေလှေဆိပ်မှ ငှားရမ်းလျှင် ခရီးမိုင် ကွာဝေးသဖြင ့်ကုန်ကျစရိတ် ပိုများနိုင်ကြောင်း သိရသည်။

ယခုအချိန် လောင်စာဆီ စျေးနှုန်းမြင့်တက်ခြင်း ၊ လောင်စာဆီ ရှားပါး ဝယ်ယူရခက်ခဲခြင်း တို့ကြောင့် စက်လှေ စျေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကာ ၊ လောင်စာဆီ ဝယ်ရ ပိုမို ခက်ခဲ လာနေကြောင်း စက်လှေမောင်း ဆရာ တို့က ဆိုသည်။

“အရင်က ဆိုရင် စက်လှေက အဲ့လောက် မရှိဘူး။ ဟိုးအရင် ၅ နှစ်ကျော်ကဆိုရင် တစ်သိန်း မကျော်ဘူး။ ခုနောက်ပိုင်း ဆီရှားပါးတော့ အရမ်းစျေးတွေ ထိုးတက်သွားတာ ဆီကလည်း အရမ်းကုန်တယ်လေ။ စက်လှေခ တွေ စျေးတက်တော့ ခရီးသည်တွေ အခက်အခဲကြုံရတယ်”ဟု ခရီးသွား ပြည်သူတစ်ဦးကလည်း ဆိုသည်။

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား လေးဆူ ဒေသစာရီကြွချီပွဲတော် ကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ် လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၃)ရက်၊ အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက် အထိ အင်းလေးဒေသ (၂၁) ဌာနကို ဒေသစာရီကြွချီပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group