
နေထိုင်မှုစရိတ်မြင့်တက်လာခြင်းကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲများက ပြင်းထန်သည့် အကြမ်းဖက်ဆန္ဒပြပွဲများ ထံဦးတည်စေခဲ့သောကြောင့် နိုင်ငံတစ်ဝန်းရဲများနှင့် ဆန္ဒပြသူများ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း၊ ဆိုင်အများအပြား ဖောက်ထွင်းလုယူခံရခြင်း၊ မီးရှို့ခြင်းတို့ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၈ ရက်တွင် ပြင်သစ်သည် ပျက်စီးနေသောလမ်းများဖြင့် နိုးထခဲ့သည်။
နေရာအနှံ့ဆန္ဒပြပွဲများသည် ကျောင်းသား ဆန္ဒပြပွဲများ သီတင်းပတ်ချီဖြစ်ပွားခဲ့ပြီး သမ္မတအမ်မန်နျူ ရယ်မက်ခရွန်၏နေရာတွင် လူစားထိုးမည့် သမ္မတတစ်ဦးကို ရွေးကောက်မည့် ရွေးကောက်ပွဲမတိုင်မီ ခြောက်လမျှအလိုတွင် ဖြစ်ပွားခြင်းဖြစ်သည်။
ပါရီတွင် လမ်းများသည် တစ်လမ်းလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားသည်ဟု ပါရီမြို့တော်ဝန် အမ်မန်နျူ ရယ်ဂရီဂွိုင်ရီက ပြောကြားခဲ့သည်။ မျက်နှာဖုံးတပ်ထားသော လူငယ် အုပ်စုများက ရပ်ထားသော ကားများကို မီးရှို့ခဲ့ကြပြီး ဈေးဆိုင်များကို မွှေနှောက်၍ပစွည်းယူကာ ဆိုင်များကိုဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။
ဆူပူအကြမ်းဖက်မှု၏ ပြင်းထန်လွန်းသောအခြေအနေကို ပြစ်တင်ရှုတ်ချခဲ့သောပြင်သစ်ဝန်ကြီးချုပ် ဆီဗက်ရှန်လေကော်နူးက လူ ၁,၂၀၀ ကို ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့ပြီး ရဲ ၁၅၀ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရသူ အရေအတွက် ပိုများမလာခြင်းသည် အံဘနန်းဖြစ်ရပ်ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။
လူနေမှုစရိတ်မြင့်တက်ခြင်းနှင့်ပတ်သက်၍ မြို့တော်ပါရီနှင့် အခြားမြို့များတွင် ချီတက်ဆန္ဒပြပွဲများ၏ ဘေးပန်းအနေဖြင့် ဆူပူအကြမ်းဖက်မှု စတင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ယင်းဆန္ဒပြပွဲများတွင် လူ ၅၅၀၀၀၀ ပါဝင်ခဲ့သည်ဟု ဆိုသည်။
ချီတက်ဆန္ဒပြပွဲများတွင် လူ ၈၀၀၀၀၀ ပါဝင်ခဲ့သည်ဟု ပါဝင်ဆင်နွှဲခဲ့သော CGT သမဂ္ဂက ပြောကြားခဲ့သည်။
ပစ်ပေါက်စရာများဖြင့် ပစ်ပေါက်ခဲ့ကြပြီး မီးရှူးမီးပန်းများဖြင့် ပစ်ခဲ့ကြသော ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုငွေ့များ၊ ရေပိုက်များအသုံးပြုကာ ဖြိုခွင်းခဲ့သည်။
ဆန္ဒပြပွဲများအတွင်းတွင်လည်းကောင်း၊ ဆဆန္ဒပြပွဲများပြီးဆုံးသွားချိန်တွင်လည်း ကောင်း ရမ်းကားလူငယ် အုပ်စုများက မြို့လမ်းများတွင် ခြေဦးတည့်ရာလျှောက်သွားခဲ့ကြပြီး ပိတ်ထားသော စတိုးဆိုင်များကို မီးရှို့ခြင်း၊ ယင်းစတိုးဆိုင်များမှပစ္စည်းများကို ယူငင်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
ပါရီ၊ မာဆေး၊ နိုက်၊ နန်းစ်၊ ဘော်ဒို၊ လီမိုဂက်စ်၊ လိုင်လီ၊ တူးလော့စ်၊ စထရာဘော့စသောမြို့များတွင် စူပါမားကက်များ၊ ဆေးဆိုင်များ၊ အကောင်းစားပစ္စည်းများ ရောင်းချသည့်ဆိုင်များ၊ အထည်ဆိုင်များ၊ မျက်မှန်ဆိုင်များ၊ အလှကုန်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ ဖောင်ထွင်း လုယက်ခံခဲ့ရသည်။
Ref:AFP