
ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဗြိတိန်နိုင်ငံ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ်နှစ်အုပ် သွားရောက်ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်သူ ဒေါက်တာခိုင်ခိုင်စိုးက ၎င်း အသုံးပြုသည့် တယ်လီဂရမ်အကောင့်တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်မှ ၁၀ နာရီ ၅၀ မိနစ်အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အထူးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။