Eleven Media Group

■ ပြင်သစ်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါရီမြို့တော်နှင့် အခြားမြို့များတွင် ကာဖျူးမိန့်ထုတ်ပြန်

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် အစိုးရဆန့် ကျင်သည့် ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအုံကြွမှုများ ဖြစ်ပွားလာခဲ့ပြီးနောက် ပါရီမြို့တော် နှင့် အခြားမြို့များတွင် ကာဖျူးမိန့်ထုတ်ပြန် ထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။

ပြင်သစ်အာဏာပိုင်များသည် ပါရီ၊ လိုင်လီနှင့် နိစ်မြို့များ အပါအဝင် မြို့အ တော်များများ၏ အစိတ်အပိုင်းအချို့၌ တ နင်္လာနေ့တွင် ညမထွက်ရအမိန့်များ ထုတ်ပြန် ခဲ့သည်။
ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော် နူးက ပါရီတစ်မြို့လုံးအတိုင်းအတာဖြင့် ည မထွက်ရအမိန့် ထုတ်ပြန်ရန် ငြင်းဆိုခဲ့ပြီး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခြင်းမရှိ သေးပေ။

လက်ရှိအချိန်တွင် မြို့၏ အစိတ်အပိုင်း အလိုက်ညမထွက်ရအမိန့်များ ထုတ်ပြန်ခြင်း က ပိုမိုသင့်တော်ကြောင်း ပြောကြားခဲ့သည်။
“တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်း သိမ်းဖို့ ကျွန်တော့်ရဲ့ သန္နိဋ္ဌာန်က အပြည့်အဝ ရှိပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

ပါရီရဲတပ်ဖွဲ့က ပြင်သစ်မြို့တော်၏ အချို့သော ဧရိယာများတွင် ည ၈ နာရီမှစ၍ ဆန္ဒပြမှုများကို တားမြစ်သည့် အမိန့်များ ထုတ်ပြန်ခဲ့ပြီး place de la republique နှင် les halles နေရာများ၏ အနီး ပတ်ဝန်း ကျင်တွင် ည ၁၁ နာရီမှစ၍ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီအစီအမံတွေကို တိတိကျကျ လိုက် နာမှုရှိစေဖို့ ရဲတပ်ဖွဲ့ အင်အားဖြန့်ကြက်ထား ပါတယ်” ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခု တွင် ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် လီကော်နူး၏ ရုံးအဖွဲ့ထံမှ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ လိုင်လီ၊ ဒူဝယ်၊ ၀ါတီညီးနှင့် ဒူနန်းမြို့များတွင် ဒေသ ဆိုင်ရာ မြို့တော်ဝန်များ၏ သဘောတူညီချက် ဖြင့် လာမည့် နှစ်ရက်အတွက် အသက်မပြည့် သေးသူများအတွက် ည ၈ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် သတ်မှတ်ခဲ့ ကြောင်း သိရသည်။

နိစ် မြို့တော်ဝန် အဲရစ် ကလော့တီက အွန်လိုင်းတွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု၌ နိစ်မြို့လယ်တွင် တစ်ညတာအတွက် အသက် မပြည့်သေးသူများအပေါ် ညမထွက်ရအမိန့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာကို လက် မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။
မာဆေးမြို့တွင် လူစုလူဝေးများနှင့် ဆန္ဒ ပြမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။ တစ် ချိန်တည်းမှာပင် ပြင်သစ် အလုပ်သမား သမဂ္ဂများက နိုဝင်ဘာလ ၅ ရက်နေ့တွင် သ ပိတ်မှောက်မှုများနှင့် လူထုစုဝေးပွဲအသစ်များ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။
ဆန္ဒပြသူအချို့နှင့် ရဲတပ်ဖွဲ့တို့ကြား သီတင်းပတ်များစွာကြာ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်ကုန်ပိုင်းတွင် လုယက်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့ခြင်းဖြစ်ရာ လာမည့် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ခြောက်လအလိုတွင် ပြင်သစ်နိုင် ငံကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး စီးပွားရေး အားနည်းချက်များနှင့်ကြွေးမြီ မြင့်တက် လာမှုတို့၏ ဖိအားများကို ပုံဖော်ပြသနေသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ပြင်သစ် နိုင်ငံ၌ အဆိုးရွာဆုံးမငြိမ်မသက်မှုများ ဖြစ် ပွားရခြင်းအတွက် ဝန်ကြီးချုပ် လီကော်နူးက လက်ဝဲအစွန်းရောက်အုပ်စုများကို အပြစ် တင်ခဲ့သည်။
သမ္မတရွေးကောက်ပွဲ နီးကပ်လာချိန် မှာ နိုင်ငံအတွင်း အလွန်အမင်း မငြိမ်မသက် မှုတွေ ဖြစ်ပေါ်စေချင်တဲ့ လက်ဝဲအစွန်းရောက် အုပ်စု လှုပ်ရှားမှုတစ်ခု ရှိနေပါတယ်ဟု ၎င်း က ပြောကြားခဲ့သည်။
သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ဝဲအုပ်စုမှ ကိုယ်စားလှယ် လောင်း ယန်း လုခ် မယ်လန်ချွန်က ဝန်ကြီး ချုပ်လီကော်နူအနေဖြင့် လက်ဝဲအုပ်စုများကို စွပ်စွဲပြောဆိုရာတွင် အထောက်အထားပြရန် တိုက်တွန်းခဲ့သည်။
“တကယ်လို့ မပြနိုင်ဘူးဆိုရင် သူက တောင်းပန်သင့်တယ်၊ ပါးစပ်ပိတ်ထားသင့်ပြီး မငြိမ်သက်မှုတွေကို မီးမထိုးဘဲ နေသင့်တယ်” ဟု ၎င်းက X လူမှုကွန်ရက်ပေါ်တွင် ရေးသား ခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group