Eleven Media Group

အမေရိကန်ရှိ ကလေးအားလုံးကို SpaceX ဒုံးပျံကုမ္ပဏီ၏ ရှယ်ယာတစ်ခုစီ ပေးအပ်သွားမည်ဟု အီလွန်မာ့စ် ပြောကြား

အမေရိကန်ရှိ ကလေးအားလုံးကို SpaceX ဒုံးပျံကုမ္ပဏီ၏ ရှယ်ယာတစ်ခုစီ ပေးအပ်သွားမည်ဟု ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိလ်ဖြစ်သည့် အီလွန်မာ့စ်က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

"လာမယ့်နှစ်မှာ အမေရိကန်မှာရှိတဲ့ ကလေးတိုင်းကို ကျွန်တော့်ရဲ့ SpaceX ရှယ်ယာတစ်ခုစီ ပေးသွားမှာပါ" ဟု ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် အီလွန်မာ့စ်ခ် က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အဆိုပါ အစီအစဉ်ကို မည်သို့ အကောင်အထည်ဖော်မည်ဆိုခြင်းကို အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိသော်လည်း "ဒါဟာ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အရာတွေထဲက ပထမဆုံးကိစ္စ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့ သည်။

အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ ၂၀၂၄ ခုနှစ် ကိန်းဂဏန်းအချက်အလက်များအရ အမေရိကန်ပြည်ထောင် စုတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ပေါင်း ၇၃ သန်းခန့် ရှိသည်။

လက်ရှိပေါက်ဈေးအရ SpaceX ရှယ်ယာတစ်ခုလျှင် ၁၄၆ ဒေါ်လာခန့် တန်ဖိုးရှိသဖြင့် ကလေးတစ်ယောက်ချင်း စီသည် ၁၄၆ ဒေါ်လာခန့်တန်ဖိုးရှိသည့် ရှယ်ယာ ၁ ခုစီ ရရှိမည်ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံခန့် လှူဒါန်းမည့် သဘောမျိုးဖြစ်သည်။

Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ မာ့စ်သည် SpaceX ကုမ္ပဏီ၏ ရှယ်ယာ ၃၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထား သည်။

လာမည့် နိုဝင်ဘာလ သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်ကို ဆက်လက်ထိန်းချုပ်နိုင်ပါက အမေရိကန်ရှိ အရွယ်ရောက်ပြီးသူ တိုင်းကို ဒေါ်လာ ၅၀၀၀ စီ ပေးမည်ဟု ပြီးခဲ့သည့်လအတွင်း သမ္မတဒေါ်နယ်ထရန့်က ကတိပြုခဲ့ပြီးနောက် မာ့စ်၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

SpaceX သည် ဇွန်လအတွင်းက ဒေါ်လာ ၈၅ ဒသမ ၇ ဘီလျံအထိ ရရှိခဲ့ပြီး သမိုင်းတွင် အကြီးမားဆုံး IPO စံချိန်ကို တင်ခဲ့သည်။

ကုမ္ပဏီ၏ အလွန်ကြီးမားသည့် Starship ဒုံးပျံသည် စက်တင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ပတ် လမ်းကြောင်းသို့ ရောက်ရှိခဲ့ပြီး ယင်းသည် မာ့စ်၏ အင်္ဂါဂြိုဟ် ခရီးစဉ် ရည်မှန်းချက်များအတွက် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group