
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့ (အောက်တိုဘာ ၂၀ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးနှင့် မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။