Eleven Media Group

ဆယ်ကျော်သက်အရွယ်၌ ချန်ပီယံလိဂ်ဂိုးအများဆုံး သွင်းယူထားသည့် အမ်ဘာပေ၏စံချိန်ကို ယမားလ် လိုက်မီ

Photo: BBC

ဘာစီလိုနာအသင်း၏ စပိန်တိုက်စစ်ကစားသမား ယမားလ်သည် ဆယ်ကျော်သက်အရွယ်၌ ချန်ပီယံလိဂ်ဂိုးအများဆုံး သွင်းယူထားသည့် အမ်ဘာပေ၏ စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းအနေဖြင့် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် လက်ရှိချန်ပီယံ PSG အသင်းကို (၂-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယမားလ်က တစ်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် အမ်ဘာပေ၏ စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေသည် အသက်(၂၀)မပြည့်မီ ဆယ်ကျော်သက်အရွယ်တွင် ချန်ပီယံလိဂ်သွင်းဂိုး (၁၃)ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ဆယ်ကျော်သက်အရွယ်၌ ချန်ပီယံလိဂ်ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်တင်ထားခြင်းဖြစ်ပြီး ယခုအခါ ယမားလ်က လိုက်မီသွားခဲ့ခြင်းဖြစ်သည်။
အမ်ဘာပေက ဆယ်ကျော်သက်အရွယ်၌ ချန်ပီယံလိဂ်ပွဲစဉ် (၂၃)ပွဲကစားကာ (၁၃)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး ယမားလ်မှာမူ (၃၆)ပွဲကစားကာ (၁၃)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယမားလ်အနေဖြင့် ၂၀၂၇ ဇူလိုင်လမှ အသက်(၂၀)ပြည့်မည်ဖြစ်သောကြောင့် ဆယ်ကျော်သက်အရွယ်တွင် ချန်ပီယံလိဂ်ဂိုးများစွာ ထပ်မံသွင်းယူနိုင်ဖွယ်ရှိနေသည်။
ယမားလ်သည် ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုနာကိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် လာမည့် ချန်ပီယံလိဂ်ပွဲစဉ်(၄)တွင် အက်စတွန်ဗီလာအသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group