Eleven Media Group

ဆာကာ၏ ဒဏ်ရာအခြေအနေကို စိုးရိမ်မိကြောင်း အာတေတာ ပြောကြား

Photo: X

အာဆင်နယ်နည်းပြ အာတေတာက တိုက်စစ်ကစားသမား ဆာကာ၏ ဒဏ်ရာအခြေအနေကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
ဆာကာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့သောပွဲ၌ ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန်(၁၀)မိနစ်မှာပင် လူစားလဲခံခဲ့ရသည်။
''နည်းနည်းစိုးရိမ်စရာကောင်းပါတယ်။ ကစားသမားတစ်ယောက် ပြင်းထန်တဲ့နာကျင်မှုနဲ့ ကွင်းထဲက ထွက်ရတာဟာ ဘယ်တော့မှ သတင်းကောင်း မဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ'' ဟု အာတေတာက ပြောကြားခဲ့သည်။
ဆာကာသည် ပြီးခဲ့သည့်လများအတွင်း ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ၎င်း၏ ပွဲကစားချိန်ကို အာဆင်နယ်အသင်း၏ နည်းပြအဖွဲ့က ဂရုတစိုက်စီမံခန့်ခွဲနေရကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဆာကာကိုု စောစောစီးစီးလူစားလဲခဲ့ရသော်လည်း ၎င်းနေရာ ဝင်ကစားသည့် အက်ဇေးက အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် အာတေတာက အက်ဇေးကို ချီးကျူးခဲ့ပြီး အက်ဇေးအနေဖြင့် အကောင်းဆုံးခြေစွမ်းပြနိုင်သည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်ဟု ထင်မြင်ကြောင်းလည်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group