Eleven Media Group

ဥရောပပြိုင်ပွဲများ၌ (၂၁)ရာစုအတွင်း အိမ်ကွင်း(၁၂)ပွဲဆက် အနိုင်ရရှိသည့် တတိယမြောက်အင်္ဂလန်အသင်းအဖြစ် အက်စတွန်ဗီလာ မှတ်တမ်းဝင်

Photo: X

အက်စတွန်ဗီလာအသင်းသည် ဥရောပပြိုင်ပွဲများ၌ (၂၁)ရာစုအတွင်း အိမ်ကွင်း(၁၂)ပွဲဆက် အနိုင်ရရှိသည့် တတိယမြောက်အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အက်စတွန်ဗီလာအသင်းသည် မနေ့ညက ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဗိုက်ကင်းအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိသည့်အတွက် အဆိုပါမှတ်တမ်း ရရှိခဲ့ခြင်းဖြစ်သည်။
အက်စတွန်ဗီလာအသင်း၏ အိမ်ကွင်းနိုင်ပွဲဆက်မှတ်တမ်းမှာ ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းရာသီ၌ ဆဲလ်တစ်ကို (၄-၂)ဂိုး၊ ကလပ်ဘရုဂေးကို (၃-၀)ဂိုး၊ PSG ကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဘိုလော့ဂ်နာကို (၁-၀)ဂိုး၊ မက္ကာဘီတဲလ်အဗစ်ကို (၂-၀)ဂိုး၊ ယန်းဘွိုင်းစ်ကို (၂-၁)ဂိုး၊ ဆာလ်ဇ်ဘာ့ဂ်ကို (၃-၂)ဂိုး၊ လိုင်လီကို (၂-၀)ဂိုး၊ ဘိုလော့ဂ်နာကို (၄-၀)ဂိုး၊ နော်တင်ဟမ်ဖောရက်စ်ကို (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း အိမ်ကွင်း၌ ဖီနာဘာချီနှင့် ဗိုက်ကင်းတို့ကို အနိုင်ရရှိခဲ့သည့်အတွက် အိမ်ကွင်း(၁၂)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
(၂၁)ရာစုအတွင်း ဥရောပအိမ်ကွင်း(၁၂)ပွဲဆက် အနိုင်ရရှိခဲ့သည့် အခြားနှစ်သင်းမှာ မန်ယူ(၂၀၀၆ မှ ၂၀၀၈)နှင့် မန်စီးတီး(၂၀၂၂ မှ ၂၀၂၄)တို့ဖြစ်သည်။
အက်စတွန်ဗီလာအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိထားပြီး အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group