
EV ယာဉ် အားသွင်းရင်း တစ်ရက်ကျော်ကြာပျောက်ဆုံးနေခဲ့သည့် အမျိုးသမီးငယ် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာပလာဇာအနီးရှိ EV Charging Station တွင် ကားအားသွင်းရန် သွားသည့် နှင်းလဲ့လဲ့ပိုင်ဆိုသည့် အမျိုးသမီးမှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
"အားလုံးပဲ မင်္ဂလာပါရှင်။ ကျမ နှင်းလဲ့လဲ့ပိုင် (Ma Yuki) ကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီရှင်။အများထင်နေသလို ပြန်ပေးဆွဲတာမဟုတ်ပါဘူးနော်။နားလည်မှုလွဲနေတဲ့ မေးခွန်းတွေ ဖြေပေးနေရပြီး ဖုန်းက လက်ထဲမှာမဟုတ်လို့ပါ။ ဘဝမှာ မေ့မရတော့မယ့် အခြေနေတစ်ခုတော့ ကြုံခဲ့ရပါတယ်ရှင့်" ဟု မနှင်းလဲ့လဲ့ပိုင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
■