Eleven Media Group

ပုဂံယဥ်ကျေးမှုဒေသတွင်  သီတင်းကျွတ်ရုံးပိတ်ရက်ကာလ ဘုရားဖူးခရီးသွားများဖြင့် စတင် စည်ကားနေပြီး အောက်တိုဘာ ၂၅ ၊ ၂၆ ၊ ၂၇ ရက်တို့တွင် မီးပုံးပျံအလုံး ၃၀၀၀  လွှတ်တင်မည်

( ပုံစာ - အောက်တိုဘာ ၂၄ ရက်က ပုဂံယဉ်ကျေးမှုဒေသသို့ လာရောက်လည်ပတ်သူများ၊ ဘုရားဖူးများအား မြင်တွေ့ရစဉ်)

ပုဂံယဥ်ကျေးမှုဒေသသို့ ယခုသီတင်းကျွတ်ရုံးပိတ်ရက် အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ဘုရားဖူးခရီးသွားများဖြင့် စတင်စည်ကားနေပြီဖြစ်ကြောင်း သိရသည်။

လာမည်ပိတ်ရက်များတွင် ဘုရားဖူးခရီးသွား ၀င်ရောက်မှု ပိုမိုများပြားလာမည်ဖြစ်ပြီး အောက်တိုဘာလ ၂၅ ၊ ၂၆ ၊ ၂၇နေ့များတွင် တစ်ရက်လျှင် မီးပုံးပျံ အလုံး ၁၀၀၀ ဖြင့် စုစုပေါင်း မီးပုံးပျံအလုံး ၃၀၀၀ လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။

` ခုမနက်က စပြီး ဘုရားဖူးတွေရောက်လာပြီ။ အရင်ရက်​တွေထက် ဧည့်ပိုများလာတယ်။ စျေးဆိုင်တွေရော အငှားယာဥ်တွေရော နာမည်ကြီးဘုရားစေတီတွေမှာရော ဘုရားဖူးတွေအဖွဲ့လိုက်လာကြတယ်။ နောက်ရက်ဆို ပိုစည်မှာ။ ဟိုတယ်တွေလည်း အခန်းပြည့်ပဲ ́ ဟု ပုဂံဒေသခံ ကို၀င်းမင်းထွန်း ကပြောကြားသည်။

ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ( ပုဂံရုံးခွဲ) စီစဥ်မှုဖြင့် မီးပုံးပျံ အလုံး ၃၀၀၀ အား အလိုတော်ပြည့်ဘုရားအနီး ကွင်းပြင် ၊ ဗူးလည်သီး​ဘုရားစေတီအနီး ကွင်းပြင်တို့အပါအ၀င် နေရာ သုံးနေရာတွင် လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။

` ဒီမနက်ပဲ ပုဂံရောက်တယ်။ ပိတ်ရက် အားလုံးနေမှာ။ နေ့ဖက် လည်မယ် ညပိုင်းမှာ ဆီမီးထွန်းမယ်။ မီးပုံးပျံပွဲလည်း သွားမယ် ́ ပုဂံသို့ လာရောက်လည်ပတ်သူ မယုယ ကပြောကြားသည်။

ပုဂံဒေသ၏ တန်ခိုးကြီး​ရွှေစည်းခုံစေတီတွင် ဂေါပကအဖွဲ့စီစဥ်မှုဖြင့် ယခုသီတင်းကျွတ်ကာလ၌ ဆီမီးထွန်းပူဇော်မှု ပြုလုပ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မူရင်းသတင်း — Eleven Media Group