
သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင် ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလ သီလပေးတရားပွဲနှင့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်အခမ်းအနားအား ယနေ့ (အောက်တိုဘာ ၂၆ ရက်) သီတင်းကျွတ်လပြည့် နံနက် ၉ နာရီခွဲတွင် စေတီတော်ပရိဝုဏ်အတွင်းရှိ ဓမ္မဗိမာန်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားအစီအဉ်အရ "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စွန်းလွန်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သောဘဏာလင်္ကာရထံမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များက ကိုးပါးသီ ခံယူဆောက်တည်ကြပြီး ဆရာတော် ချီးမြင့်ဟောကြားတော်မူသည့် အနုမောဒနာတရား နာယူကြသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံသို့ အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ချီးမြင့်တော့မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဆရာတော်များထံ နဝကမ္မဝတ္ထု ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်ဗဟ်ုသံဃာ့ဝန်ဆောင် ပခုက္ကူကျောင်း ဆရာတော်ထံမှ ဩဝါဒခံယူခြင်း၊ စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိက ဓမ္မဗိမာန် တိုးချဲ့ပြုပြင်ခြင်းအား လျှောက်ထားခြင်းတို့ ဆောင်ရွက်သည်။
ဆက်လက်၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်များသည် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြပြီးနောက် "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်းရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များအား ပါရမီရှင်ဝတ်အသင်းမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။