
Chery ၏ ၂၀၂၇ မော်ဒယ် Jetour Zongheng G700 (နိုင်ငံတကာဈေးကွက်အတွက် Jetour G700 ဟု အမည်ပေးထား) ဈေးကွက်သို့ တရားဝင် စတင်ရောက်ရှိလာသည်။
Huawei ၏ Qiankun ADS 5.0 intelligent driving system ကို အသုံးပြုထားပြီး အနိမ့်ဆုံးဈေးမှာ ယွမ် ၃၂၉၉၀၀ (ဒေါ်လာ ၄၈၅၀၀) ဖြစ်သည်။
((trim နှင့် ဈေးနှုန်းများ))
► Tanye Edition 150 (5-seater)= ယွမ် ၃၂၉၉၀၀ (ဒေါ်လာ ၄၈၅၀၀)
► Zongye Edition 150 (5-seater)= ယွမ် ၃၅၂၉၀၀ (ဒေါ်လာ ၅၁၉၀၀)
► Zhijing Qiankun Edition 150 (5-seater)= ယွမ် ၃၈၅၉၀၀ (ဒေါ်လာ ၅၆၈၀၀)
► 260km Zhijing Qiankun Edition 260 (5-seater)= ယွမ် ၄၁၀၉၀၀ (ဒေါ်လာ ၆၀၄၀၀)
► 260km Zhijing Qiankun Edition 260 (6-seater)= ယွမ် ၄၄၂၉၀၀ (ဒေါ်လာ ၆၅၁၀၀)
((ဒီဇိုင်းပိုင်း))
ယခု ၂၀၂၇ မော်ဒယ်တွင် ယခင် မော်ဒယ်၏ ရုပ်ထွက်အတိုင်း ခပ်ထည်ထည် ဒီဇိုင်းရယူထားပြီး နောက်ဘက်တွင် spare ဘီးထားရှိသည့်နေရာ ပါဝင်သည်။
Update ဖြစ်လာသည်များမှာ ပိုမိုထင်ရှားရှင်းလင်းသည့် grille ၊ ဘီးဒီဇိုင်းသစ်တို့ အပါအဝင်ဖြစ်သည်။
အရွယ်အစားမှာ 5,198/2,050/1,956 mm ဖြစ်ပြီး wheelbase မှာ 2,870 mm ဖြစ်သည်။


(Jetour G700 ၏ ရှေ့ပိုင်းနှင့် နောက်ပိုင်း။ Credit: Sina)
((အတွင်းပိုင်း နည်းပညာ))
► ၃၅ ဒသမ ၄ လက်မ "Horizon" screen + ၁၅ ဒသမ ၆ လက်မ 2.5K central display
► Qualcomm Snapdragon 8255 chip
► 50W ကြိုးမဲ့အားသွင်းနေရာ ၂ ခု၊ ရေခဲသေတ္တာ၊ Lexicon audio
► ထိုင်ခုံ ၅ ခုံ (သို့မဟုတ်) ၆ ခုံ၊ ရှေ့ခုံများတွင် အပူပေး၊ လေဝင်လေထွက်နှင့် အနှိပ်စနစ်များ ပါဝင်
► 6-seat ကားများတွင် ဒုတိယခုံတန်းမှာ zero-gravity ခုံများဖြစ်ပြီး 5-seat ကားများတွင် roof-mounted entertainment screen ပါဝင်သည်။
((Performance ပိုင်း))
► 2.0T plug-in hybrid စနစ်၊ စုစုပေါင်း အထွက်အား 665 kW (892 hp)
► 150 km ဗားရှင်း= CATL ထုတ် 34.13 kWh LFP ဘက်ထရီသုံးထားသည်။
► 260 km CLTC ဗားရှင်း= CATL ထုတ် 59.45 kWh ternary လီသီယမ်ဘက်ထရီသုံးထားသည်။






(Jetour G700 ၏ အတွင်းပိုင်း)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chery’s Jetour G700 launched with Huawei ADS 5.0 (carnewschina)