
Bestune Xiaoma ဟု လူသိများသော FAW Bestune Pony လျှပ်စစ်ကား၏ တံခါး ၅ ပေါက် မော်ဒယ်သစ်ကို တရုတ်ပြည်တွင် စတင် မိတ်ဆက်ရောင်းချလာသည်။ အနိမ့်ဆုံးဈေးမှာ ယွမ် ၄၄,၉၀၀ (၆,၇၃၅ ဒေါ်လာ) ဖြစ်သည်။
Four seat လျှပ်စစ် Hatchback ဖြစ်ပြီး CLTC စံနှုန်းအရ တစ်ကြိမ်အားသွင်းထားလျှင် ၃၂၈ ကီလို မောင်းနိုင်သည်။
Bestune Pony ကို ယခင်က တံခါး ၃ ပေါက် hatchback အဖြစ်သာ ထုတ်လုပ်ခဲ့ပြီး ကိုယ်ထည်အလျားမှာ ၃,၀၀၀ မီလီမီတာသာရှိခဲ့သည်။
ထိုဗားရှင်း၏ တရုတ်ပြည်တွင်းဈေးနှုန်းမှာ ယွမ် ၃၄,၉၀၀ မှ ၄၂,၉၀၀ ကြား (ဒေါ်လာ ၅,၂၃၅ မှ ၆,၄၃၅ ကြား) ရှိခဲ့သည်။
China EV DataTracker ၏ ဖော်ပြချက်အရ Bestune သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ တံခါး ၃ ပေါက် Pony ၄၇,၉၂၉ စင်း ရောင်းချခဲ့သည်ဟု ဆိုသည်။



(တံခါး ၅ ပေါက် Bestune Pony ကို တွေ့ရပုံ။ ဓာတ်ပုံ CNC)
Bestune သည် customer ပိုမိုရရှိနိုင်ရန်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့တွင် တံခါး ၅ ပေါက် Pony hatchback ကို မိတ်ဆက်ခဲ့သည်။
အရွယ်အစားမှာ 3350/1540/1600 mm ရှိပြီး wheelbase မှာ 2,215 mm ဖြစ်သည်။
ဤငါးတံခါးပါ မော်ဒယ်သည် မူလ Pony ထက် အလျား ၃၅၀ မီလီမီတာ ပိုမိုရှည်လျားပြီး ဗျက် ၃၀ မီလီမီတာ ပိုကျယ်လာသည်။ သို့သော် အမြင့်မှာမူ ၃၀ မီလီမီတာ ပိုနိမ့်သွားသည်။
တံခါး ၅ ပေါက် Bestune Pony တွင် ချစ်စဖွယ် ရှေ့မီးကြီးနှင့် နောက်မီးများ၊ ရှေ့ဘက် လေဝင်ပေါက်ငယ်တစ်ခုနှင့် ၁၃ လက်မ ဘီးခွေဖုံးများ (Rim covers) သုံးထားပြီး ယခင်မော်ဒယ်နှင့် ပုံစံတူ ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုထားသည်။
ဤမော်ဒယ်တွင် semi-hidden တံခါးလက်ကိုင်များ သုံးထားပြီး ground clearance မှာ ၁၃၀ မီလီမီတာ ဖြစ်ပါသည်။
အရောင်ရွေးစရာ ၅ မျိုးလာပြီး orange, blue, green, brown နှင့် white တို့ဖြစ်သည်။



(တံခါး ၅ ပေါက် Bestune Pony ကို တွေ့ရပုံ။ ဓာတ်ပုံ CNC)
Center console တွင် ၁၀.၁ လက်မ Touchscreen ရှိပြီး ၎င်း၏အောက်ဘက်တွင် rotary ခလုတ်အချို့ ထည့်ပေးထားသည်။
၇ လက်မ LCD instrument panel တစ်ခုလည်း ပါဝင်ပြီး two-spoke စတီယာရင်၏ နောက်ဘက်တွင် gear shifter ရှိသည်။
Wheelbase ပိုမိုရှည်လျားလာခြင်းကြောင့် နောက်ခန်းတွင် လိုက်ပါသူများအတွက် ခြေထောက်ထားရန် နေရာပိုမို ကျယ်ဝန်းလာသည်။
Bestune Pony တွင် 30 kW (40 hp) ရှိ မော်တာကို standard အနေဖြင့် သုံးထားသည်။
LFP ဘက်ထရီသုံးထားပြီး ရွေးချယ်စရာ ၂ မျိုးရှိရာ 17 kWh နှင့် 27.2 kWh ဖြစ်သည်။
လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်မည့် range မှာ ၂၂၂ မှ ၃၂၈ ကီလိုကြားဖြစ်သည်။
ယခု five-seat ဗားရှင်း၏ ဈေးတန်းမှာ ယွမ် ၄၄,၉၀၀ မှ ၅၄,၉၀၀ (ဒေါ်လာ ၆,၇၃၅ မှ ၈,၂၃၀) ကြား ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Five-door FAW Bestune Pony launched in China at 6,735 USD (carnewschina)