
ဟိုချီမင်း ဂူဗိမာန်ဝန်းသည် ဗီယက်နမ်တွင် ကမ္ဘာလှည့်ခရီးသည်များ အများဆုံး လာရောက်ကြသည့် နေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်တို့သည် အန်ကယ်ဟိုဟု လူသိများသူ ခေါင်းဆောင်ကြီး ဟိုချီမင်း၏ မော်တော်ကားများကို စိတ်ဝင်စားကြမည်မှာ သေချာလှသည်။
အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းသည် ရုံးသုံးနှင့် ကိုယ်ရေးကိုယ်တာသုံး ကားအချို့ရှိရာ Peugeot 404 ၊ ZIS 115 နှင့် Pobeda တို့အပါအဝင် ဖြစ်သည်။
ZIS 115 နှင့် Pobeda တို့မှာ ရုရှားကားများဖြစ်ပြီး ဆိုဗီယက်အစိုးရက ဟိုချီမင်းအား လက်ဆောင်ပေးထား ခြင်း ဖြစ်သည်။
ဟိုချီမင်းသည် ဗီယက်နမ်တော်လှန်ရေးခေါင်းဆောင်ကြီးဖြစ်ပြီး ဗီယက်နမ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးကြသော ခေါင်းဆောင်ဖြစ်သည်။
ဟိုချီမင်း (မွေး ၁၈၉၀ - ကွယ်လွန် ၁၉၆၉) သည် ဗီယက်နမ်ဝန်ကြီးချုပ်အဖြစ် ၁၉၄၅ မှ ၁၉၅၅ ခုနှစ်အထိ ၊ ဗီယက်နမ်သမ္မတအဖြစ် ၁၉၄၅ ခုနှစ်မှ ကွယ်လွန်ချိန် ၁၉၆၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဟိုချီမင်းသည် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် စာရေးဆရာ၊ ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။
သူရေးသားခဲ့သော စာအုပ်များအနက် အကျဉ်းကျခံရချိန်ကာလများတွင် ရေးသားခဲ့သော “အကျဉ်းထောင် ဒိုင်ယာရီမှ ကဗျာများ ”ဟူသော စာအုပ်မှာ နာမည်ကြီးပြီး ဗီယက်နမ်အမျိုးသား ရတနာတစ်ပါးအဖြစ် သတ်မှတ်ခံထားရကာ ကမ္ဘာပေါ်တွင် ဘာသာစကားများစွာဖြင့် ပြန်ဆိုထားပြီး ဖြစ်သည်။

(အန်ကယ်ဟို စီးခဲ့သော ကားများအနက် ၃ စင်းကို ဟိုချီမင်းသမ္မတနန်းတော်တွင် ပြသထားသည်။)

(ပထမတစ်စီးမှာ ZIS 115 ဖြစ်သည်။ ဆိုဗီယက်အစိုးရက ၁၉၅၄ ခုနှစ်တွင် လက်ဆောင်ပေးခဲ့သော ကားဖြစ်ပြီး အထူးထုတ်လုပ်ထားသော ကျည်ကာကားဖြစ်သည်။)

(ZIS 115 မှာ နှင်းခွဲမီးလုံးများနှင့် အချက်ပြမီးများမှ လွဲ၍ မူရင်းဗားရှင်းကို ပြောင်းလဲမှုများ ပြုလုပ်ထားသည်။ အထူးဒီဇိုင်းထုတ်ထားသော ပြတင်းပေါက်များနှင့် ကြီးမားသော တာယာများမှာမူ ဗီယက်နမ်နှင့် သင့်လျော်အောင် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ )

(ZIS 115 ၏ လက်ရာမြောက်သော Logo ဒီဇိုင်း)

(ကားကိုယ်ထည်မှာ အကျယ် ၂ မီတာ ၊ အလျား ၆ ဒသမ ၁ မီတာ ရှိကာ ၈ မမ ထူသော ကျည်ကာစတီးပြား တပ်ဆင်ထားပြီး မှန်အထူမှာ ၇၀ မမ ရှိသည်။)

(ZIS 115 သည် 8 Cylinder အင်ဂျင်တပ်ထားပြီး မြင်းကောင်ရေ ၁၄၀ အားရှိသည်။ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ မောင်းနှင်နိုင်ကာ ဆီစားနှုန်းမှာ ၁၀၀ ကီလိုမီတာလျှင် ၂၇ ဒသမ ၅ လီတာဖြစ်သည်။)

(ZIS 115 အပြင် ဆိုဗီယက်အစိုးရက ၁၉၅၅ ခုနှစ်တွင် ဗီယက်နမ်အစိုးရထံ Pobeda တစ်စီး လက်ဆောင်ပေးခဲ့သေးသည်။)

(၁၉၅၇ ခုနှစ် မတ်လတွင် သမ္မတနန်းတော်က ဤကားကို နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ လက်ခံရရှိခဲ့သည်။)

(သမ္မတဟိုချီမင်းသည် ဤကားကို ၁၉၆၉ ခုနှစ်အထိ စီးနင်းခဲ့ပြီး စုစုပေါင်း ၃၉၄၆၃ ကီလိုမီတာ ခရီးသွားခဲ့သည်။)

(Pobeda ၏ အထင်ကြီးလောက်သော ကိုယ်ထည်ဒီဇိုင်း)

(Pobeda ၏ စတိုင်ကျသော Logo)

(အန်ကယ်ဟိုသည် ခရီးဝေးသွားမည်ဆိုလျှင် အင်ဂျင်အားကောင်းကာ အလျားပိုရှည်သော Pobeda ကို ပိုမိုနှစ်သက်သည်။)

(အန်ကယ်ဟိုသည် ၁၉၆၇ ခုနှစ်အတွင်း မြို့တွင်းသွားလာရေးအတွက် Peugeot 404 ကို အသုံးပြုခဲ့သည်။)

(Peugeot 404 သည် အောက်ပိုင်းနိမ့်သောကြောင့် ကားအဆင်းအတက်လုပ်ရန် ပိုမိုသက်တောင့်သက်သာ ရှိသည်။)

(အန်ကယ်ဟိုသည် Peugeot 404 ဖြင့် ၁၆၅၇၅ ကီလိုမီတာ ခရီးသွားခဲ့သည်။)

(Peugeot 404 သည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၁၇၀ ကီလိုမီတာ မောင်းနှင်နိုင်သည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A glance at garage of Uncle Ho (hanoitimes)