CarsDB

၂၀၂၆ နှစ်ကုန်ပိုင်းတွင် ထွက်ရှိလာဖွယ်ရှိသော စတီယာရင်မပါ၊ ခြေနင်း pedal များမပါသော Cybercab

Tesla ၏ Robotaxi က X စတီယာရင်မပါ၊ ခြေနင်း pedla များမပါသော Cybercab မောင်းသူမဲ့ယာဉ်ကို X လူမှုကွန်ရက်မှတဆင့် ချပြလာသည်။

ယင်းနောက် X လူမှုကွန်ရက်မှပင် Cybercab ကို တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် စမ်းသပ်မောင်းနှင်ကြည့်လိုသူများကို ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် အော်စတင်မြို့တွင် ဖိတ်ကြားခံရသူများသာ တက်ရောက်ခွင့်ရှိသည့် ပွဲတစ်ခု ကျင်းပခဲ့သည်။

ထိုပွဲသို့ တက်ရောက်လာသူများသည် Tesla ၏ ခွင့်ပြုချက်မရှိဘဲ ဗွီဒီယိုမရိုက်ရန်၊ အချို့သော အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ရန်နှင့် တိုက်ရိုက် live လွှင့်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ရသည်။

ထိုပွဲသို့ တက်ရောက်သူများတွင် လူမှုကွန်ရက် influencer များလည်း ပါဝင်သည်။

Tesla သည် Cybercab ကို ချပြထားသည်မှာ ၂ နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ Cybercab အကြောင်း ပရိုမိုးရှင်း ဗွီဒီယိုများ တရားဝင် ထုတ်ပြန်လာသည်။

အဆိုပါ ပွဲအပြီးတွင် Tesla ၏ ရှယ်ယာဈေးနှုန်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။

Cybercab ကို မောင်းသူမဲ့ နှစ်ယောက်စီး ကားအဖြစ် ဒီဇိုင်းထုတ်ထားပြီး စတီယာရင်နှင့် ခြေနင်း pedal များ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

New Street Research မှ သုတေသီ Pierre Ferragu နှင့် Tesla ကို အမာခံ အားပေးသူတို့က X လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်များမျှဝေခဲ့ကြသည်။

အဆိုပါ ဗွီဒီယိုဖိုင်များတွင် တွေ့ရမှုအရ အော်စတင်မြို့ရှိ လမ်းများပေါ်တွင် Cybercab များ သွားလာနေပုံ တွေ့ရပြီး ကားတွင် စတီယာရင် မပါသကဲ့သို့ ယာဉ်မောင်းလည်း မရှိဘဲ သွားလာနေခြင်း ဖြစ်သည်။

Elon Musk က လူသားတို့၏ ထိန်းချုပ်ရမှု လုံးဝမလိုအပ်သည့် Tesla ကားမျိုး ပေါ်ပေါက်ရန် နီးစပ်နေပြီဟု ၂၀၁၆ ခုနှစ်ကတည်းက ပြောခဲ့ဖူးသည်။ သို့သော် ယခုတိုင် ဖြစ်မလာသေး။

Tesla သည် လက်ရှိတွင် FSD ဟုခေါ်သော (Full Self-Driving -Supervised) စနစ်ကို အသုံးပြုနိုင်ပြီဖြစ်သော်လည်း ယာဉ်မောင်းက စတီယာရင်တွင် အသင့်ရှိနေရန် သို့မဟုတ် ဘရိတ်အုပ်ရန် အသင့်ဖြစ်နေရန် လိုအပ်နေသေးသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: ‘No steering wheel, no pedals’: Tesla teases fans ahead of long-awaited Cybercab update (cnbc)

မူရင်းသတင်း — CarsDB