CarsDB

တရုတ်အမျိုးသားခေါင်းဆောင်ကြီး မော်စီတုန်းနှင့် တိန့်ရှောင်ဖိန်တို့ စီးခဲ့သော ကား

Hongqi ဆီဒင်ကားများသည် တရုတ်တော်လှန်ရေးကာလများ၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။

Hongqi ကို ၁၉၅၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်ဘာသာတွင် Hongqi ၏ အဓိပ္ပာယ်မှာ အလံနီဟု အဓိပ္ပာယ်ရသည်။

၂၀၁၄ ခုနှစ်အတွင်းက တရုတ်စစ်ဘက်သည် Hongqi အစင်းရေ ၁၀၀၀ ဝယ်ယူခဲ့ပြီး နိုင်ငံခြားကားများကို ဝယ်ယူတော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး ဖက်စပ်ထုတ်သည့် ကားများကိုပင်လျှင် ဝယ်ယူမည် မဟုတ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ခဲ့သည်။

Hongqi ကို ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ကားထုတ်လုပ်ရေး ကုမ္ပဏီ FAW Group က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်၏ ဖွံ့ဖြိုးစ စက်မှုလုပ်ငန်းတိုးတက်မှုပုံရိပ်ကို ကမ္ဘာသို့ ပြသရန် ရည်ရွယ်ခဲ့သည်။

Hongqi ကို တရုတ်ထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံခြားဧည့်သည်တော်များအတွက် အသုံးပြုခဲ့သည်။

မော်စီတုန်း စီးသော Hongqi sedan တွင် ထွေးခံတစ်ခု တပ်ဆင်ထားသည်။

၁၉၈၀ ပြည့်လွန်ကာလများအတွင်း တရုတ်ပြည်တွင် စီးပွားရေးတံခါးဖွင့်လိုက်ချိန်၌ Hongqi ၏ ဒီဇိုင်းမှာ ခေတ်မမီသောကြောင့် တရုတ်အစိုးရ အရာရှိများသည် ဂျာမနီ Volkswagen ထုတ် Audi နှင့် အခြားနိုင်ငံခြားထုတ် Luxury ကားများကို မျက်စိကျလာခဲ့ကြသည်။

(တိန့်ရှောင်ဖိန်ကို Hongqi တစ်စင်းပေါ်တွင် ၁၉၈၄ ခုနှစ်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhau News)

(၂၀၁၃ ခုနှစ်အတွင်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ၏ အလည်အပတ်ခရီးစဉ်တွင် အသုံးပြုခဲ့သော Hongqi တစ်စီး။)

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း FAW သည် အဆိုပါ ဆီဒင်ကို တရုတ်ပြည်၏ ပထမဆုံး ပြည်တွင်းထုတ် high-end ကားအဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း PLA က ဝယ်ယူခဲ့သော Hongqi H7 သည် တစ်စင်းလျှင် ယွမ် ၄၇၉၈၀၀ (ကန်ဒေါ်လာ ၇၇၀၀၀) တန်ကြေးရှိသည်။

၂၀၁၄ ခုနှစ်အတွင်း Hongqi L9 ကို တစ်စင်းလျှင် ယွမ် ၅ သန်း (ကန်ဒေါ်လာ ၈၀၀၀၀၀ ကျော်) ဖြင့်ရောင်းချခဲ့ရာ ထိုကာလက တရုတ်ပြည်တွင် ဈေးအကြီးဆုံးကားများ၌ ပါဝင်ခဲ့သည်။


(Hongqi H7 ၏ နောက်ခုံ ။ ဓာတ်ပုံ-Faw Group)

၁၉၈၁ ခုနှစ်တွင် Hongqi ထုတ်လုပ်မှု ရပ်ဆိုင်းရန် တရုတ်အစိုးရက Faw အား အမိန့်ထုတ်ခဲ့သည်။

Hongqi သည် နိုင်ငံခြားကားများနှင့်ယှဉ်လျှင် ဆီစားများကာ အကုန်အကျများသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

မူလက Hongqi ကို အစိုးရထိပ်တန်းခေါင်းဆောင်များအတွက်သာ ရည်ရွယ်ကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

(၁၉၇၈ မှ ၁၉၉၂ အထိ တိန့်ရှောင်ဖိန် စီးနင်းခဲ့သော Hongqi CA 770)

(Hongqi CA 770 ၏ အချက်အလက်များ )

စီးနင်းလိုက်ပါနိုင်သည့် လူဦးရေ- ၇ ဦးမှ ၈ ဦး

မော်တာ- 8 Cylinders V 5650 cc ,161 KW

အမြင့်ဆုံးအမြန်နှုန်း- 160 km/h

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Mao Zedong’s favorite car is now a luxury limo with personal AC and massage functions (QZ)

မူရင်းသတင်း — CarsDB