CarsDB

ကမ္ဘာ့ဈေးအကြီးဆုံးပြိုင်ကားတွေ စုဝေးရာ ဗြိတိန်က ဆိတ်ငြိမ်အေးချမ်းတဲ့ ကျေးရွာလေး

အင်္ဂလန်နိုင်ငံမြောက်ပိုင်းတွင် အကြောင်း ၂ ရပ်အပေါ် အရင်းခံကာ နာမည်ကြီးသည့် ရွာငယ်လေးတစ်ရွာ ရှိသည်။

ထို ၂ ချက်မှာ ဘောလုံးသမားများနှင့် ပြိုင်ကားများ ဖြစ်သည်။

Alderley Edge အမည်ရှိ ရွာလေးသည် မြို့ပြမဟုတ်ဘဲလျက် ရွာလယ်လမ်းမတွင်မူ Lamborghini မှသည် Ferrari အထိ ပြိုင်ကား အမျိုးအစားစုံလင်လှသော ပြခန်းကြီးတစ်ခုသဖွယ် ဖြစ်နေသည်။

ထိုရွာလေးမှ ပြိုင်ကားများကို ငေးမောကြည့်ရှုလိုရုံသက်သက်ဖြင့် အလည်အပတ်လာသူ များစွာရှိနေသည်။

(ဓာတ်ပုံ- SB media)

ဗြိတိန်ထုတ်ကားများအကြောင်း စဉ်းစားမည်ဆိုလျှင် Rolls-Royce ကဲ့သို့ ခမ်းနားထည်ဝါသော ကားမျိုး (သို့မဟုတ်) Mini Cooper ကဲ့သို့ ရိုးစင်းသောကားမျိုး အာရုံထဲ ဝင်လာမည် ဖြစ်သည်။

ပြိုင်ကားများကို စိတ်ကူးမိဖွယ်မရှိ။ သို့သော် ဗြိတိန်တွင် ပြိုင်ကားများ အလွန်ပေါများလှပြီး အထူးသဖြင့် လန်ဒန်ကို ကြည့်ပါ။

ဆော်ဒီမှ ဘီလျံနာတို့သည် ဗြိတိန်သို့လာလျှင် ၎င်းတို့၏ ပြိုင်ကားတအုပ်တမကြီးကို လန်ဒန်သို့ သယ်ယူလာလေ့ရှိသည့်နည်းတူ Lando Norris ကဲ့သို့ ပြိုင်ကားမောင်းကြယ်ပွင့်များက Ferrari မောင်းနေသည့် မြင်ကွင်းမျိုးလည်း တွေ့ရနိုင်သည်။

သို့သော် ထိုမြင်ကွင်းမျိုးမှာ လန်ဒန်တွင် ရပ်တန့်မနေ။

လန်ဒန်၏မြောက်ဘက် မိုင် ၁၅၀ ခန့်အကွာတွင် ပြိုင်ကားများ ပေါများလှမှုဖြင့် နာမည်ကျော်သည့် ရွာငယ်လေးတစ်ခု ရှိသည်။ ရွာတွင် နေထိုင်သူဦးရေမှာမူ ၅၀၀၀ အောက်သာ ရှိသည်။

ရွာကလေး၏ အမည်မှာ Alderley Edge ဖြစ်ပြီး မန်ချက်စတာ၏ တောင်ဘက်တွင် တည်ရှိသည်။

ထိုရွာလေးမှာ ဗြိတိန်ရှိ ဒေသငယ်လေးများအနက် အချမ်းသာဆုံး Top 10 စာရင်းဝင်ကြောင်း WealthInsight က ခန့်မှန်းထားသည်။

သန်းကြွယ်သူဌေး ၃၀၀ မှ ၅၀၀ ဦးခန့်အထိ နေထိုင်သည်ဟု ဆိုသည်။

(ဓာတ်ပုံ-js.supercars)

ဒေးဗစ်ဘက်ခမ်း၊ စီရော်နယ်ဒိုနှင့် ရီယို ဖာဒီနန်တို့လည်း တချိန်က နေထိုင်ခဲ့ဖူးသည်။

(ဓာတ်ပုံ- SB Media)

ပြိုင်ကားများ ကြည့်လိုသဖြင့် လာရောက်လည်ပတ်သူများ ရုံးပိတ်ရက်တိုင်း ခြေချင်းလိမ်နေသည်။

(ဓာတ်ပုံ SB Media)


(ဓာတ်ပုံ SB Media)


(ဓာတ်ပုံ SB Media)


(ဓာတ်ပုံ SB Media)


(ဓာတ်ပုံ SB Media)


(ဓာတ်ပုံ js.supercars)

ဒေသတွင်း ကားချစ်သူတို့ကို ကင်မရာကိုယ်စီဖြင့် တရုံးရုံးတွေ့ရလေ့ရှိပြိး Supercars In Manchester နှင့် Supercars of Cheshire တို့ကဲ့သို့ YouTube ချန်နယ်များတွင် ဗွီဒီယိုများ တင်လေ့ရှိသည်။

(ဓာတ်ပုံ SB Media)

SupercarsinManchester YouTube ချန်နယ်ဆိုလျှင် Alderley Edge ကျေးရွာလေးရှိ ပြိုင်ကားများကို ၂၀၁၄ ခုနှစ်ကတည်းက ရိုက်ကူးမှတ်တမ်းတင်နေခဲ့ခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Inside the quiet UK village that's a hotspot for some of the world's most exotic and expensive supercars (supercarblondie)

မူရင်းသတင်း — CarsDB