CarsDB

Chery က Jetour Traveller 7 ကို ဒေါ်လာ ၂၀၉၀၀ မျှဖြင့် စတင်မိတ်ဆက်လာ၊ ICE နှင့် PHEV များ ရွေးစရာ ၂ မျိုးလာ

Chery ၏ Jetour အမှတ်တံဆိပ်သည် Traveller 7 ကို အောက်တိုဘာ ၁၄ ရက်တွင် တရားဝင်စတင်ဖြန့်ချိ လာသည်။

Traveller 7 သည် လေးထောင့်ဆန်ဆန် အလတ်စား SUV ဖြစ်ကာ ICE နှင့် plug-in hybrid (C-DM) ဗားရှင်း ၂ မျိုးလုံး လာသည်။

((ဈေးနှုန်း))

Jetour Traveller 7 ၏ ရည်ညွှန်းဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
► 1.5TD 2WD Exploration - ၁၃၉,၉၀၀ ယွမ် (၂၀,၉၀၀ ဒေါ်လာ)
► 1.5TD 2WD Exploration+ - ၁၄၉,၉၀၀ ယွမ် (၂၂,၄၀၀ ဒေါ်လာ)
► 2.0TD XWD Discovery - ၁၅၉,၉၀၀ ယွမ် (၂၃,၉၀၀ ဒေါ်လာ)
► 2.0TD XWD Traverse - ၁၆၉,၉၀၀ ယွမ် (၂၅,၄၀၀ ဒေါ်လာ)
► 2.0TD XWD Conquest - ၁၇၉,၉၀၀ ယွမ် (၂၆,၉၀၀ ဒေါ်လာ)
► C-DM 2WD Pro - ၁၅၂,၉၀၀ ယွမ် (၂၂,၈၀၀ ဒေါ်လာ)
► C-DM 2WD Max - ၁၆၂,၉၀၀ ယွမ် (၂၄,၃၀၀ ဒေါ်လာ)
► C-DM 2WD Max+ - ၁၇၂,၉၀၀ ယွမ် (၂၅,၈၀၀ ဒေါ်လာ)

((ဒီဇိုင်းပိုင်း))

• လေးထောင့်ဆန်ကာ အကြမ်းခံနိုင်သော ဒီဇိုင်းမျိုးဖြစ်ကာ ရှေ့မီးဝိုင်းကြီးများ အသုံးပြုထားသည်။
• အရွယ်အစားမှာ 4,827/ 2,006/ 1,875 mm ဖြစ်ကာ wheelbase မှာ 2,800 mm ဖြစ်သည်။
• ရွေးချယ်စရာ အရောင် ၆ မျိုးလာရာ Sunlight Gold, Misty Ridge Green, Highway Grey, Polar Night Black, Snow Mountain Silver နှင့် Aurora Blue တို့ ဖြစ်သည်။

(Jetour Traveller 7 ၏ ဘေးဖက်နှင့် နောက်ဖက်မြင်ကွင်း။ ဓာတ်ပုံ CNC)

((အတွင်းပိုင်း နည်းပညာ))

• ၁၅ ဒသမ ၆ လက် central touchscreen + ၁၀ ဒသမ ၂၅ လက်မ digital cluster, 8255 chip, Tour OS 3.3
• လေဝင်လေထွက်၊ အပူပေး၊ ၈ နေရာအနှိပ်စနစ်နှင့် 10-way power adjustment တို့ ထည့်သွင်းပေးထားသော "12-layer Cloud" ထိုင်ခုံများ
• စပီကာ ၂၃ လုံးပါ အသံစနစ်
• Falcon 500 ADAS စနစ်သုံးထားပြီး chip မှာ Horizon Journey 6M (128 TOPS) ဖြစ်သည်။

((Powertrain ပိုင်း))

■ ICE ဗားရှင်း
• 1.5T အင်ဂျင်= အထွက်အား 135 kW (181 hp)၊ ရုန်းအား 290 N•m
• 2.0T အင်ဂျင်= အထွက်အား 187 kW (251 hp)၊ ရုန်းအား 390 N•m
■ C-DM PHEV ဗားရှင်း
• 1.5T အင်ဂျင်နှင့် လျှပ်စစ်မော်တာ၊ စုစုပေါင်းအထွက်အား 375 kW (502 hp)
• ဘက်ထရီရွေးချယ်စရာ= 26.61 kWh (သို့မဟုတ်) 45.12 kWh
• လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်မည့် range= ၁၄၀ မှ ၂၅၁ ကီလိုကြား

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chery’s Jetour Traveller 7 launches in China with ICE and PHEV options, starting from 20,900 USD (carnewschina)

မူရင်းသတင်း — CarsDB