
BYD သည် ဒုတိယမျိုးဆက် Seagull ကို အောက်တိုဘာ ၂၁ ရက်တွင် တရားဝင် စတင်မိတ်ဆက်လာသည်။ အဆိုပါ updated hatchback မော်ဒယ်သစ်တွင် အဆင့်မြှင့်တင်မှု များစွာပြုလုပ်ထားရာ အရွယ်အစားပိုကြီးလာခြင်း၊ 5 seat အခင်းအကျင်း၊ Flash-Charging ပါသော ဒုတိယမျိုးဆက် Blade ဘက်ထရီနှင့် LiDAR စနစ် ရွေးချယ်နိုင်မှု အစရှိသည်တို့ ပါဝင်လာသည်။
Seagull ကို နိုင်ငံတကာတွင် ဈေးကွက်အလိုက် အမည်အမျိုးမျိုး ခေါ်ဝေါ်ရာ Dolphin၊ Surf၊ Dolphin Mini နှင့် Atto 1 ဟူသော အမည်များ ပါဝင်သည်။
ရွေးချယ်စရာ trim ၅ မျိုးလာသည်။
(Trim နှင့် ဈေးနှုန်းများ))
Vitality Edition = ယွမ် ၆၅,၉၀၀ ( ဒေါ်လာ ၉,၈၀၀)
Freedom Edition = ယွမ် ၇၂,၉၀၀ ( ဒေါ်လာ ၁၀,၉၀၀)
Ease Edition = ယွမ် ၇၅,၉၀၀ ( ဒေါ်လာ ၁၁,၃၀၀)
Flight Edition = ယွမ် ၈၂,၉၀၀ ( ဒေါ်လာ ၁၂,၄၀၀)
Smart Edition = ယွမ် ၉၉,၉၀၀ ( ဒေါ်လာ ၁၄,၉၀၀)
ဒုတိယမျိုးဆက် Seagull သည် ၂၀၂၅ မော်ဒယ်အောက် ဈေးသက်သာသည်။ ၂၀၂၅ မော်ဒယ်မှာ အနိမ့်ဆုံးဈေး ၆၉,၉၀၀ ယွမ် (၁၀,၅၀၀ ဒေါ်လာ) ဖြစ်ပြီး ၂၀၂၇ မော်ဒယ်မှ entry level မှာ ဒေါ်လာ ၇၀၀ ခန့် ဈေးသက်သာလာသည်။

(ဟီနန်ပြည်နယ်၊ ကျန်းကျိုးမြို့တွင် ကျင်းပသော မိတ်ဆက်ပွဲ၌ BYD Seagull ၏ ဈေးနှုန်းကို ကြေညာခဲ့သည်။)
((Upgrade ပြုလုပ်ပေးထားမှုများ))
အရွယ်အစားပိုမိုကြီးမားလာမှုနှင့် 5 Seat အခင်းအကျင်း
• အလျား 3,780 mm မှ ယခုအခါ 4,205 mm ဖြစ်လာသည်။
• Wheelbase မှာ150 mm ပိုမိုရှည်လျားကာ 2,650 mm ဖြစ်လာသည်။
• ယခင် ၄ ဦး စီးနိုင်ရာမှ ယခုအခါ ၅ ဦး စီးနိုင်သည်။
Flash Charging နည်းပညာ
• 39.2 kWh ဘက်ထရီသုံးထားသော အမြင့်တန်း trim ၃ မျိုးတွင် ရရှိနိုင်သည်။
• ၁၀ မှ ၇၀ ရာခိုင်နှုန်းအထိ အားသွင်းကြာချိန်မှာ ၅ မိနစ်သာ ဖြစ်သည်။
• ဒုတိယမျီုးဆက် Blade ဘက်ထရီနည်းပညာကို သုံးထားသည်။
အပြင်ဘက်ဒီဇိုင်းမှာ "Marine Aesthetics" design language ကို ဆက်လက်အသုံးပြုထားသည်။
အရောင်ရွေးစရာ ၆ မျိုးလာရာ Lime Green၊ Berry Pink၊ Cream White၊ Mango Orange၊ Ice Coconut Blue နှင့် Sesame Grey တို့ ဖြစ်သည်။





(ဒုတိယမျိုးဆက် BYD Seagull ၏ အပြင်ဘက်မြင်ကွင်း)
((အတွင်းပိုင်း))
အတွင်းပိုင်းတွင် အရောင်အသစ် သုံးမျိုးဖြစ်သည့် Shell White၊ Clear Sky Pink နှင့် Polar Star Grey တို့ကို အသုံးပြုထားသည်။
DiLink 150 intelligent cockpit စနစ် သုံးထားပြီး DeepSeek AI ဖြင့် ထိန်းချုပ်သော ၁၅ ဒသမ ၆ လက်မ display ထည့်ပေးထားသည်။
((Upgrade လုပ်ပေးထားသော Comfort feature များ))
► ယာဉ်မောင်းထိုင်ခုံကို ၆ မျိုး ချိန်ညှိနိုင်ပြီး ရှေ့ခန်း passenger ခုံကို ၄ မျိုး ချိန်ညှိနိုင်သည်။
► ရှေ့ထိုင်ခုံ ၂ ခုလုံးအတွက် ၃ ဆင့် အပူပေးနှင့် လေဝင်လေထွက်စနစ်၊ ယာဉ်မောင်းအတွက် multi-mode အနှိပ်စနစ်။
► 50 W ကြိုးမဲ့ဖုန်းအားသွင်းစနစ်၊ စပီကာ ၈ လုံးပါ အသံစနစ်။
(BYD Seagull ၏ အပြင်ပိုင်း)
((Powertrain ပိုင်း))
• မော်တာ ရွေးချယ်စရာ ၂ မျိုး= 85 kW (114 hp) (သို့မဟုတ်) 95 kW (127 hp)
• ဘက်ထရီရွေးချယ်စရာ= 30.1 kWh (သို့မဟုတ်) 39.2 kWh
• မောင်းနိုင်မည့် range= ၃၂၀ ကီလို (သို့မဟုတ်) ၄၂၀ ကီလို
• စွမ်းအင်သုံးစွဲနှုန်း= ကီလို ၁၀၀ လျှင် 9.0 kWh
(second-gen BYD Seagull ၏ အတွင်းပိုင်းမြင်ကွင်းများ)
(တရုတ်ပြည်ရှိ အရောင်းပြခန်းတစ်ခုတွင် မော်ဒယ်သစ် BYD Seagull ကို တွေ့ရပုံ။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD launches all-new Seagull in China: the brand’s most affordable Flash-Charging EV under 10,000 USD