CarsDB

Volkswagen က Jetta M6 EV ကို ဒေါ်လာ ၁၁၉၀၀ တည်းဖြင့် စတင်မိတ်ဆက်ရောင်းချရာ ၁၉ နာရီအတွင်း အစင်းရေ ၁၀,၀၀၀ ကျော် အမှာစာ လက်ခံရရှိ

FAW နှင့် Volkswagen တို့ ဖက်စပ်ထုတ်လုပ်သော Jetta M6 EV ဆီဒင်ကို အောက်တိုဘာ ၂၂ ရက်က စတင်မိတ်ဆက်ရောင်းချခဲ့ရာ စံချိန်တင်ရောင်းချခဲ့ရပြီး ၁၉ နာရီအတွင်း အစင်းရေ ၁၀,၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း သိရသည်။

ဤနေရာတွင် Jetta နှင့် VW ၏ ဆီဒင်တို့ ဆက်နွှယ်မှုမရှိကြောင်း သတိချပ်ရန်လိုသည်။

Jetta မှာ တရုတ်ပြည်ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်ထားသည့် တန်ဖိုးနည်း brand တစ်ခုဖြစ်ပြီး ယခု မိတ်ဆက်လာသော M6 မှာ အနိမ့်ဆုံး ယွမ် ၇၉,၈၀၀ (ဒေါ်လာ ၁၁,၉၀၀ ခန့်) မျှသာ ပေးရသည်။

ထိုဖက်စပ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ စတင်မိတ်ဆက်ပြီး ၁၉ နာရီအတွင်း အပိတ်အော်ဒါ (Locked Orders - ကြိုတင်ငွေပေးချေမှု (Deposit) ပြုလုပ်ပြီးပါက ပြန်လည်ပယ်ဖျက်၍မရ)(Locked Orders) အစင်းရေ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Deposit သွင်းငွေမှာ ပုံမှန်အားဖြင့် ယွမ် ၃,၀၀၀ မှ ၅,၀၀၀ ကြား (ဒေါ်လာ ၄၅၀ မှ ၆၅၀ ခန့်) သွင်းရသည်။

FAW-Volkswagen ဖက်စပ်ကုမ္ပဏီက M6 ၏ ADAS စနစ်အတွက်လည်း အာမခံပေးထားသည်။

ADAS ကြောင့် တနှစ်တာအတွင်း မတော်တဆမှုတစ်ခုခု ဖြစ်ပွားပါက လျော်ကြေးပေးမည်ဟု ကတိပြုထားသည်။

တန်ဖိုးသင့်ဈေးကွက်ကိုသာ ပစ်မှတ်ထားသော Jetta brand သည် ယခင်က ICE များသာ ထုတ်လုပ်ခဲ့ပြီး M6 မှာ Jetta ၏ ပထမဆုံး လျှပ်စစ်ကားမော်ဒယ်ဖြစ်သည်။

((ရွေးချယ်နိုင်မည့် Trim များ))

► Entry model = ရှေ့ယက် ၊ မော်တာ အထွက်အား 113 kW (152 hp)၊ 42.9 kWh LFP ဘက်ထရီ၊ အားတကြိမ်သွင်းထားလျှင် ၄၆၅ ကီလို မောင်းနိုင်ပြီးသည်။ အမြန်နှုန်း တင်နိုင်စွမ်းမှာ တစ်နာရီ ကီလို ၁၀၀ နှုန်းကို ၈ ဒသမ ၃ စက္ကန့်အတွင်း ရရှိနိုင်သည်။

►အမြင့်တန်း မော်ဒယ်လ်များ = အထွက်အား 145 kW (194 hp) ရှိ မော်တာနှင့် 51.9 kWh ဘက်ထရီသုံးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် ၅၅၅ ကီလို မောင်းနိုင်သည်။ အမြန်နှုန်း တင်နိုင်စွမ်းမှာ 0-100 km/h ကို ၆ ဒသမ ၈ စက္ကန့်အတွင်း ရရှိနိုင်သည်။

ဘက်ထရီများမှာ CALB ကုမ္ပဏီထုတ်များဖြစ်ပြီး မော်ဒယ်လ်အားလုံး ရှေ့ယက် စနစ်သာ ဖြစ်သည်။

အရွယ်အစားမှာ 4,806/1,868/1,500 mm ရှိပြီး wheelbase မှာ 2,820 mm ဖြစ်သည်။

((နည်းပညာပိုင်း))

• အမြင့်တန်း မော်ဒယ်လ်များတွင် Horizon Robotics ရဲ့ Journey 6M chip နှင့် "GAIA 2.0 World Model" ADAS စနစ်တို့ သုံးထားပြီး မြို့တွင်းမြို့ပြင် နှစ်ရပ်လုံးတွင် အလိုအလျောက် မောင်းနှင်မှု (Navigate on Autopilot - NoA) ကို အသုံးပြုနိုင်သည်။

• နှစ်ယောက်အိပ် ကုတင်အဖြစ် ပြောင်းလဲနိုင်သည့် ရှေ့ခုံများ= ကားအားသွင်းနေချိန်တွင် ယာဉ်မောင်းများ နားနေ နေနိုင်ရန် ရည်ရွယ်သည်။ (တရုတ်ပြည်တွင် ယခုဈေးတန်းရှိ EV အများစုကို တက္ကစီ/အငှားယာဉ်များအဖြစ် အသုံးပြုကြသည်။)


(အစင်းရေ ၁၀၀၀၀ မြောက် အမှာစာ လက်ခံရရှိအပြီးတွင် Jetta က ကြေညာခဲ့ပုံ။ ဓာတ်ပုံ Jetta)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Volkswagen's 11,900 USD Jetta M6 EV is a hit in China, gets 10,000 orders in 19 hours (carnewschina)

မူရင်းသတင်း — CarsDB