Xinhua Myanmar

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် မာယွန်မီးတောင် ပေါက်ကွဲမှုကြောင့် လူဦးရေ ၁,၄၀၀ ကျော် နေရပ်စွန့်ခွာရ

ဖိလစ်ပိုင်နိုင်ငံ အယ်လ်ဘေးပြည်နယ်ရှိ မာယွန်မီးတောင်ပေါက်ကွဲပြီးနောက် ထွက်ပေါ်လာသည့် မီးခိုးနှင့်ပြာမှုန်အစုအဝေးကြီးကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဥ် (ဓာတ်ပုံ- Albay Province Public Information Office/Handout via Xinhua)

မနီလာ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အယ်လ်ဘေးပြည်နယ်တွင် မာယွန်မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၃၀ ရက်မှစတင်ကာ လူဦးရေ ၁,၄၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

မီးတောင်၏ ၆ ကီလိုမီတာ အကွာအဝေးရှိ အမြဲတမ်းအန္တရာယ်ဇုန် (PDZ) အတွင်း နေထိုင်သူများကို ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ဖြစ်လာနိုင်ဖွယ်ရှိသည့် အန္တရာယ်များကြောင့် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့က အဆိုပါ PDZ အတွင်း ဝင်ရောက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်ဝန်းကျင်တွင် မာယွန်မီးတောင်၌ "အင်အားအသင့်အတင့် ပြင်းထန်သော ပေါက်ကွဲမှု" ဖြစ်ပွားခဲ့ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးနှင့်ပြာများမှာ မီးတောင်ဝအထက် မီတာ ၃,၀၀၀ အမြင့်အထိ ရောက်ရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် မြေငလျင်ဆိုင်ရာ အင်စတီကျုက ထိုနေ့မှာပင် မီးတောင်သတိပေးချက် အဆင့်ကို အဆင့် ၂ မှ အဆင့် ၃ သို့ တိုးမြှင့်သတ်မှတ်ပြီး အဆင့် ၅ မှာ မီးတောင်ဆိုင်ရာ သတိပေးချက်အဆင့်များအနက် အမြင့်ဆုံးအဆင့်ဖြစ်သည်။

ကတော့ချွန်ပုံစံနီးပါးကြောင့် ထင်ရှားကျော်ကြားသည့် မာယွန်မီးတောင်သည် ဖိလစ်ပိုင်နိုင်ငံရှိ သက်ဝင်လှုပ်ရှားမှုအများဆုံး မီးတောင်ရှင်များအနက်မှ တစ်ခုဖြစ်သလို ယခင်ကလည်း အားပြင်းသောပေါက်ကွဲမှုများကြောင့် လူအမြောက်အမြား ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည့်သမိုင်းကြောင်း ရှိခဲ့သည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ အယ်လ်ဘေးပြည်နယ်ရှိ မာယွန်မီးတောင်ပေါက်ကွဲပြီးနောက် ထွက်ပေါ်လာသည့် မီးခိုးနှင့်ပြာမှုန်အစုအဝေးကြီးကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဥ် (ဓာတ်ပုံ- Albay Province Public Information Office/Handout via Xinhua)

..........................................

(English Version)

Over 1,400 displaced after Mayon Volcano eruption in N. Philippines

MANILA, Oct. 31 (Xinhua) -- Over 1,400 people in Albay province in the northern Philippines have been evacuated since Friday after the Mayon Volcano erupted, according to local officials.

The evacuees, who lived within the volcano's 6-km permanent danger zone (PDZ), were moved to safer areas. The Philippine National Police has strictly prohibited entry to the PDZ due to potential hazards.

The Mayon Volcano experienced a "moderately explosive eruption" at around 11:53 a.m. local time Friday, generating a plume that rose 3,000 meters above the crater. The Philippine Institute of Volcanology and Seismology on the same day raised the volcano's alert level from 2 to 3, with Level 5 being the highest.

Mayon, famed for its near-perfect conical shape, is one of the Philippines' most active volcanoes and has a long history of explosive eruptions that have triggered mass evacuations. ■

Photo captions: A large plume of smoke and ash is seen after the eruption of Mayon Volcano in Albay Province, the Philippines, on Oct. 30, 2026. (Albay Province Public Information Office/Handout via Xinhua)

မူရင်းသတင်း — Xinhua Myanmar