NP News

သူလျှို၊ ဒလန်ခေါင်းစဉ်ဖြင့် ယင်းမာပင်ခရိုင်နှင့် အနီးပတ်ဝန်းကျင်တွင် လူပေါင်း (၁၀ဝ) ကျော်အသတ်ခံခဲ့ရ ကြောင်း ဗိုလ်နဂါး ဖွင့်ချ

သုတကျော် (NP News) - နိုဝင်ဘာလ ၁
သူလျှို၊ ဒလန်ခေါင်းစဉ်ဖြင့် ယင်းမာပင် ခရိုင်နှင့်အနီးပတ်ဝန်းကျင်တွင် လူပေါင်း (၁၀ဝ) ကျော်ကို PDF တို့သတ်ခဲ့ကြောင်း ဗိုလ်နဂါးက ၎င်း၏လူမှုကွန်ရက် TikTok အကောင့်တွင်တင်ထား သည့်ဗီဒီယိုအတွင်း ထည့်သွင်း ပြောကြားထားသည်။
ယင်းမာပင် ရိုင်တွင် ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်နှင့် ကနီမြို့နယ်တို့ ပါဝင်ခြင်း ဖြစ်သည်။
ဗိုလ်နဂါး အလင်းဝင်ပြီးနောက် Htin Lin အမည်ရှိ Facebook အကောင့်တွင် NUG နှင့်ပတ်သက်၍ ရေးသားမှု များရှိခဲ့ကာ ယခုနောက်ပိုင်း Htin Lin အမည်ရှိ TikTok အကောင့်ဖွင့်လှစ်ကာ လူလုံးထွက်ပြ၍ ဗီဒီယိုဖိုင်များ တင်လာ သည်ကို မြင်ရသည်။
အဆိုပါဗီဒီယိုများအတွင်း ပထမဆုံးတင်သည့်ဗီဒီယို၌ “ကျွန်တော်အင်အားရှိလို့၊ ကျွန်တော်လုပ်နိုင်လို့ ပြန်လာရင် ကျွန်တော် တည့်တည့်ပြောတာ လိမ်ညာလှည့်ပတ်ပြီးတော့ မပြောဘူး။ ကျွန်တော့်ဒေ သကပြည်သူလူထု ကိုအသုံးချပြီးတော့ ကိုယ်ကျိုးရှာ နေတဲ့အဖွဲ့အစည်းတွေ၊ ကျွန်တော်တို့ကို ရက်ရက် စက်စက် အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ အာဏာရူးအဖွဲ့အ စည်းတွေကို ပြန်တိုက်ထုတ်မှာ”ဟုလည်း ဗိုလ်နဂါး ကပြောထားသည်။
ထို့ပြင် ကိုယ်ကျိုးရှာအဖွဲ့အစည်းများကို တိုက်ထုတ်မည်ဟုပြောရုံဖြင့် NUG မလုံမလဲဖြစ်သွား ကြောင်းလည်း ဗိုလ်နဂါးက အဆိုပါဗီဒီယိုအပြီး တင်သည့်ဗီဒီယိုဖိုင်အတွင်းပြောကြားခဲ့ကာ ယခုတစ်ကြိမ်တွင် NUG နှင့် PDF တို့ ကျူးလွန်ခဲ့သည်များကို ဗိုလ်နဂါးက ဖွင့်ချလာခြင်းဖြစ်သည်။
“စစ်အာဏာရှင်ကိုမကြိုက်ပါဘူးဆိုပြီး တော်လှန်နေတဲ့ အစိုးရအဖွဲ့အမည်ခံထားတဲ့သူတွေ၊ သမ္မတကနေ ဝန်ကြီးအဆုံး စစ်ဝတ်စုံကြီးတွေတကား ကားနဲ့ သွားလာလှုပ်ရှားနေတာကြည့်လိုက် ကျွန်တော် တို့အညာမှာ သူတို့ စိုးမိုးခွင့်ရလာပြီ၊ သူတို့ အုပ်ချုပ်ခွင့် ရလာပြီဆိုရင် အဲဒီနေရာက စစ်အုပ်ချုပ်ရေးပဲ။ ခင်ဗျား ဘာမှ အမှား အမှန် ဝေဖန် ထောက်ပြခွင့်၊ သုံးသပ်ခွင့်မရှိဘူး။ အဲဒီလို အမှား/အမှန် ဝေဖန်ထောက် ပြသုံးသပ်တာနဲ့ အဲဒီလိုလူတွေ သူလျှို၊ ဒလန်ခေါင်း စဉ်တပ်ပြီး အသတ်ခံလိုက်ရတယ်” ဟု ဗိုလ်နဂါးက ဆိုသည်။
ဗိုလ်နဂါး၏ BNRA လှုပ်ရှားခဲ့သော ယင်းမာပင်ခရိုင်အနီးအနားတွင်ပင် အသတ်ခံရသူပေါင်း (၁၀ဝ)ကျော်ရှိခဲ့ ကြောင်း ဗိုလ်နဂါးကဆိုသည်။
“တစ်ချိန်မှာ အခိုင်အမာငြင်းဆိုမယ့်သူ ရှိရင်၊ တာဝန်ခံနိုင်တဲ့သူရှိရင် အညာမှာ အဲဒီလို သူတို့ ကိုဆန့်ကျင်လို့ သူလျှို၊ ဒလန်ခေါင်းစဉ်တပ်ပြီးသုတ် သင်ခံရတာ ကျွန်တော်တို့အညာတင်နော်။ ကျွန်တော် တို့အညာဆိုတာ အဝေးကြီး မဟုတ်ဘူး၊ ကျွန်တော်တို့ ခရိုင်နဲ့ပတ်ဝန်းကျင်တင် လူဦးရေ (၁၀ဝ)ကျော်တယ်။ ကျွန်တော် အထောက်အထားနဲ့ရှိ တယ်အဲဒါတွေ” ဟု ဗိုလ်နဂါးကပြောသည်။
တော်လှန်ရေးသမားအချင်းချင်းပင် သတ်ဖြတ်ခြင်းများရှိခဲ့ရာ ဦးအောင်ကြည်ညွန့်၏သမီးနှင့် သားမက်သည် PDF ခေါင်းဆောင် ဗိုလ်သံမဏိနှင့် ပေါင်းကာ လူ (၂၀)ကျော်သတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ပြည်သူဆိုတာ ထားလိုက်ဦး၊ တော်လှန်ရေးသမားအချင်းချင်းတောင် ခင်ဗျားတို့ ကြားလိုက်မှာပါ။ CRPH က ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ရဲ့ သမီးနဲ့သားမက်ရောက်လာပြီးတော့ ယင်းမာပင်သပြေအေး သံမဏိတို့နဲ့ပေါင်းတယ်။ သူတို့ဩဇာအောက်မဝင်တဲ့ local အဖွဲ့တွေ၊ ပြည်သူအပါအဝင် (၂၀)ကျော် လောက် သုတ်သင်ပစ်တာ၊ ပြောင်ပြောင်ပဲ။ အဲဒီကိစ္စ နစ်နာသူတွေနဲ့ကျွန်တော်တို့ပေါင်းပြီး NUG ကို တိုင်ကြားတယ်။ ဒေါက်တာဆာဆာတို့ ကိုမင်းကိုနိုင်တို့ အပါအဝင် ကျွန်တော်တို့ ဒီအမှုကို ဖော်ထုတ်တယ်။ တရားခံတွေလည်းပေါ်တယ်။ ဝန်ခံချက်ရပြီးလည်း ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလူတွေက အရေးယူမခံရတဲ့ အပြင် သံမဏိတို့ ရာထူးတောင်တက်နေပြီ”ဟု ဗိုလ် နဂါးကဆိုသည်။
ထို့ပြင် တိုင်ကြားသည့်အတွက်ဟုဆိုကာ တိုင်သူကို သတ်ခြင်း၊ အစိုးရကျောင်းထားသော ကြောင့်သတ်ခြင်း စသည်ဖြင့် သတ်ဖြတ်ခြင်းများ လည်းရှိကြောင်း ၎င်းကပြောသည်။
“နောက်တစ်ခု KIA အရာရှိတွေနဲ့ ပသုံးလုံးတွေ၊ PDF တွေ ပေါင်းပြီးတော့ သမိုင်းအမွေအနှစ် အလောင်းတော် ကဿပကသစ်တွေ ခိုးထုတ်တယ်။ ဘုရားစောင်းတန်းတွေတောင် ကြွေမွနေတာ သစ်ပင် တွေပိပြီးတော့။ အဲဒီကိစ္စတွေ ကို ကနီက ပညာရေးမှူးက NUG ဗဟိုကိုတိုင်တယ်။ အတိုင်ခံရတဲ့အဖွဲ့အစည်းတွေက ဘာမှဖြစ်မသွားပေမယ့် အဲဒီ ပညာရေး မှူးကြီးရဲ့မိသားစု (၄) နှစ် ကလေးလေးအပါအဝင် အိမ်ထဲမှာတင် တစ်မိသားစုလုံး ရက်ရက်စက်စက် သုတ် သင်ရှင်းလင်းခံလိုက်ရတယ်။ သူတို့ပညာရေး အောက်မထားဘဲ တခြားပညာရေးအောက်သွားထား လို့ဆိုပြီး ကျွန်တော် တို့ ခရိုင် (၃)မှာရော၊ တခြားမှာ ရော၊ ကျွန်တော်တို့ ခရိုင် (၃)မှာဆို စလင်းကြီးမှာ ကျောင်းသားမိဘတွေ၊ ကျောင်းသား တွေ ရက်ရက် စက်စက်ဖမ်းဆီးခံရတယ်၊ နှိပ်စက်ခံရတယ်၊ သတ် ဖြတ်ခံရတယ်။ အဲဒါ NUG ဗျ လုပ်နေတာ။ ကျွန် တော်က အထောက်အထားနဲ့ပြောတာ၊ အဲဒါအာဏာ ရှင်မဟုတ်လို့ ဘာလဲ ခင်ဗျားတို့ နည်းနည်းဆွေးနွေး ကြည့်ပါဦး”ဟု ဗိုလ်နဂါးကပြောသည်။

မူရင်းသတင်း — NP News