
စော (NP News) - နိုဝင်ဘာလ ၂
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အရည်ကျို အပ်ကားစလစ် အစောင်ရေ (၁၅၀ဝ) ကျော် ထုတ် ပေးထားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
အိုဟောင်းနေသော မော်တော်ယာဉ်များနှင့် သက်တမ်း နှစ်(၂၀)နှင့်အထက် ယာဉ်အိုယာဉ် ဟောင်းများ အပ်နှံခြင်းကိုလက်ခံကာ EV တင်သွင်း ခွင့်စလစ်များထုတ်ပေးမည့်စည်ကမ်းချက်ကို ဇူလိုင်လနောက်ဆုံးပတ်၌ အစိုးရ က အသိပေးထုတ်ပြန်ခဲ့ သည်။
“စီးပွားကူးသန်းက ကြေညာချက်ထွက် တာပေါ့နော်။ (၂၈-၅-၂၀၂၆) ကနေ စတင်ပြီးတော့ (၂၉-၁၀-၂၀၂၆) အထိပေါ့။ အဲဒါက ပုံစံ (ဃ)ရော၊ ပုံစံ (စ)လုံးရော ထုတ်ပေးပြီးတဲ့စီးရေဟာလေ (၁၅၂၇)စီးပါ။ ပုံစံ (ဃ)ထုတ်ပေး ပြီးသွားပြီ။ သူတို့စီးပွားကူးသန်းကိုဆက်ပြီးသွားမှာပေါ့”ဟု ကုန်းလမ်း ပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ညွှန် ကြား ရေးမှူးကပြောသည်။
လက်ရှိအချိန်အထိ ကညနမှ အရည်ကျို အပ်ကားများကို လက်ခံမှုများရှိနေပြီး မှတ်ပုံတင်ထားသည့် (၃)နှစ် အထက် ကားလုပ်ငန်းကုမ္ပဏီဖြစ် ရန်လိုအပ်ခြင်း၊ လူပုဂ္ဂိုလ်ဖြစ်ပါက တစ်နှစ်လျှင် တစ်စီးသာရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဆီကားမှ EV ကားတင်သွင်းရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ၊ ကုမ္ပဏီမှဖြစ်စေကား တင်သွင်း ခွင့်လျှောက် ထားနိုင်ကာ အပ်နှံသည့်ယာဉ်၏တန်ဖိုးပေါ်မူတည်၍ အမေရိကန် ဒေါ်လာ (၅၀ဝဝဝ) အထိတင်သွင်းခွင့်ရှိ ကြောင်း သိရသည်။
“လက်ရှိနောက်ဆုံးအနေအထား အောက်တိုဘာလ (၂၉) ရက်အထိတော့ အစီးရေ (၁၀ဝ) ပေးထားပြီးပါပြီ။ ကျွန်တော်တို့ဆီမှာ လာတင်သလောက်ကို စိစစ်စစ်ဆေးပြီးတော့မှ အသုတ်လိုက် တင်သွင်း နေတာပေါ့နော်။ လက်ရှိက တော့ (၄၅၀) ပေါ့နော်။ ကျွန်တော်တို့ဆီမှာ လာရောက်လျှောက်ထားတာတော့ (၄၅၀)လောက်တော့ရှိတာပေါ့နော်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ EV တာဝန်ခံ တစ်ဦးက ပြောသည်။
အဆိုပါ EV ကားများ ဝယ်ယူတင်သွင်း ရာတွင် ယာဉ်အိုယာဉ်ဟောင်းများကို အရည်ကျိုအပ်နှံ သည့်အချိန်မှ EV ကား လက်ဝယ်ရရှိသည်အထိ သုံးလမှ ခြောက်လခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။