NP News

မန္တ‌လေးမြို့၊ (၄၁) လမ်း ပန်းဆက်ဗလီအနီး မီးလောင်မှုဖြစ်ပွား

ကိုဖြိုး (NP News) - နိုဝင်ဘာ ၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့ရပ်ကွက်၊ (၄၁) လမ်း၊ (၈၅) လမ်း x(၈၆) လမ်းကြားတွင် ယနေ့ နိုဝင်ဘာ (၂) ရက် မနက်ပိုင်းက လူနေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း“မဏီစလ” လူမူကူညီရေးအသင်းမှ သိရသည်။

နံနက် (၉) နာရီ (၃၅) မိနစ်အချိန် မီးသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀) နာရီ (၁) မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။
မီး‌လောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးကြောင်းနှင့်မီးလောင်မှုနေရာသို့ အရေးပေါ်ရေဘောက်ဆာယာဉ် (၂) စီး၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တို့ဖြင့် ထွက်ခွာကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူပေါင်းကူညီခဲ့ကြောင်း “မဏီစလ” လူမှုကူညီရေးအသင်းမန္တလေးမှ သိရသည်။

မူရင်းသတင်း — NP News