NP News

သထုံတွင် ဆိုင်ကယ်နှင့် Express ယာဉ်တိုက်မိရာမှ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံး

ထိုက်စံ(NP News)-အောက်တိုဘာ ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆိုင်ကယ်နှင့် Express ယာဉ် တိုက်မိရာမှ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မိုးကောင်းလူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၂၈ ရက်)၊ နေ့လည်(၁)နာရီကျော်ခန့်က သထုံမြိုနယ်၊ မိုးကောင်းကျေးရွာ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သားမိသားဖ သုံးယောက်စီးလာတဲ့ ဆိုင်ကယ်က ကွေ့လာတာ Express ကားက အရှိန်လွန်ပြီး ဖြတ်တိုက်သလိုဖြစ်သွားတာပေါ့”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော အမျိုးသမီးတစ်ဦးသည် နေရာတွင် သေဆုံးခဲ့ပြီး မောင်းနှင်းသူ အမျိုးသားနှင့် ကျန်အမျိုးသမီးတစ်ဦးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်းမှ သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရလူနာတို့အား သထုံဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

မူရင်းသတင်း — NP News