ဂျကာတာ အောက်တိုဘာ ၂၄
အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ပိုမိုပြင်းထန်လာခြင်းကြောင့် မြစ်ရေ ခန်းခြောက်မှု၊ တောမီးလောင်ကျွမ်းမှုနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ ဖြစ်ပေါ်နေပြီး စားအုန်းဆီလုပ်ငန်းကို မှီခိုနေသူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်လျက်ရှိ ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံအနောက် ကာလီမန်တန်ဒေသရှိ စားအုန်းဆီ စက်ရုံများအတွက် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ကာပွာစ်မြစ်သည် ရေခန်းခြောက်လုနီးပါး ဖြစ်လာ သဖြင့် ကုန်စည်သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ အကြီးအကျယ် အခက်ကြုံနေရသည်။
အဆိုပါ မြစ်ရေကျဆင်းမှုကြောင့် စားအုန်းဆီစက်ရုံများမှ ထုတ်လုပ်ပြီးသား ဆီများကို သယ်ယူပို့ဆောင်နိုင်ခြင်းမရှိဘဲ သိုလှောင်ကန်များတွင်သာ ထားရှိရသည့်အတွက် အဆိုပါသိုလှောင် ကန်များတွင် ဆီများဖြင့်ပြည့်နှက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထုတ်လုပ်ပြီးသည့် ဆီများကို မပို့ဆောင်နိုင်သည့်အတွက် ဒေသခံတောင်သူများထံမှ လတ်ဆတ်သော စားအုန်းဆီများကို ထပ်မံဝယ်ယူနိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။
တစ်ချိန်တည်းတွင် အင်ဒိုနီးရှား နိုင်ငံ၌ တောမီးလောင်ကျွမ်းမှုများလည်း ကျယ်ပြန့်စွာဖြစ်ပွားနေပြီး မီးခိုးမြူများသည် မလေးရှားနှင့် စင်ကာပူနိုင်ငံများအထိ ပျံ့နှံ့ရောက်ရှိကာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး အနောက်ကာလီ မန်တန်ဒေသသည် နိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကျော်ကို ထုတ် လုပ်ပေးလျက်ရှိသည်။ လက်ရှိ အခြေအနေသည် စားအုန်းဆီ လုပ်ငန်းရှင်များသာမက ဒေသခံ တောင်သူများနှင့် အဆိုပါလုပ်ငန်းကို မှီခိုနေသည့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းအပေါ်ပါ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
ဒေသခံများအနေဖြင့် မိုးရာသီ အမြန်ဆုံး ပြန်လည်ရောက်ရှိလာရန် မျှော်လင့်နေကြသော် လည်း မိုးရာသီသည် ပုံမှန်ထက် တစ်လခန့်နောက်ကျပြီး နိုဝင်ဘာလဝန်းကျင်မှ စတင်နိုင်ဖွယ်ရှိ ကြောင်း မိုးလေဝသဌာန တာဝန် ရှိသူများက ခန့်မှန်းပြောကြားသည်။
မိုးရာသီပြန်လည်မရောက်ရှိမီ ကာလအတွင်း မြစ်ရေခန်းခြောက် မှုနှင့် တောမီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားပါက ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် ထိခိုက်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ