Myanmar Digital News

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လေးဦးထပ်မံတွေ့ရှိ

အောက်တိုဘာ ၂၈

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း  ခိုင်ဘာပက်ခ်တွန်ခွါပြည်နယ်တွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ လေးဦးထပ်မံတွေ့ရှိခဲ့ရာ ပြည်နယ်အတွင်း ကူးစက်ခံရသူစုစုပေါင်း ၁၈ ဦးအထိ ရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

ပြည်နယ်မြို့တော် ပက်ရှဝါတွင် ထိုရောဂါကူးစက်ခံရသူငါးဦးဖြင့် ကူးစက်မှုအများဆုံးဖြစ်ပြီး ယင်းရောဂါကြောင့် သေဆုံးသူတစ်ဦးရှိကြောင်း ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။်

မျောက်ကျောက်ရောဂါဖြစ်ပွားသည့်လက္ခဏာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ခြင်းနှင့် အရေပြားယားယံခြင်း သို့မဟုတ် အရည်ကြည်ဖုများ ပါဝင်သည်ဟု သိရသည်။

အဆိုပါရောဂါကူးစက်နိုင်ခြေကို လျှော့ချရန်အတွက် ကူးစက်ခံရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန် ကျန်းမာရေးဌာနက အကြံပြုထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News