အောက်တိုဘာ ၂၈
ဗီယက်နမ်နိုင်ငံတွင်၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံအတွင်းရှိလေဆိပ်များမှတစ်ဆင့် ခရီးသည်ဦးရေ သန်း ၁၁၀ ကျော် ခရီးသွားလာခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။
အဆိုပါခရီးသည်ဦးရေစုစုပေါင်းအနက် နိုင်ငံခြားခရီးသွားဦးရေ ၄၃ သန်းနီးပါး ရှိခဲ့ရာ ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ပြည်တွင်းခရီးသွားဦးရေ ၆၈ သန်းနီးပါး ရှိကာ ကိုးရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်ဟု သိရသည်။
ဗီယက်နမ်လေကြောင်းလိုင်းများသည် ထိုကာလအတွင်း ခရီးသည် သန်း ၅၀ ကျော် သယ်ယူပို့ဆောင်ခဲ့ရာ ယခင်နှစ်ကထက် ခုနစ်ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။
လေကြောင်းလိုင်းများသည် နိုင်ငံခြားခရီးသွား ၁၆ သန်းကျော်ကို ပို့ဆောင်ပေးခဲ့ရာ ယခင်ကာလနှင့် နှိုင်းယှဉ်ပါက နှစ် ရာခိုင်နှုန်း တိုးတက်လာပြီး ပြည်တွင်းခရီးသွားများကိုလည်း ၃၄ သန်းနီးပါး ပို့ဆောင်ပေးနိုင်ခဲ့ရာ ကိုးရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်ဟု သိရသည်။
ဗီယက်နမ်နိုင်ငံ၏မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က လေကြောင်းလိုင်းများအား ပြည်တွင်း လေကြောင်းခရီးစဉ်ကွန်ရက်များကို ပြန်လည်ဖွင့်လှစ်ခြင်း၊ ဆက်လက်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ခြင်းတို့အတွက် အစီအစဉ်များကို လေ့လာရေးဆွဲရန် တိုက်တွန်းထားသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် လေကြောင်းပို့ဆောင်ရေး၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်မည်ဖြစ်သကဲ့သို့ ဒေသတွင်း ချိတ်ဆက်သွားလာနိုင်မှုကိုလည်းတိုးတက်စေပြီး လေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၏ ဝန်ဆောင်မှု ပေးနိုင်စွမ်းကိုလည်း ထိရောက်စွာ အသုံးချနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို