တီဟီရန် အောက်တိုဘာ ၂၈
အီရန်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းသည် အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု အမေရိကန်သမ္မတထရမ့်က ဝေဖန်ပြောဆိုခဲ့ခြင်းသည် ဝါရှင်တန်၏ သံတမန်ရေးဆိုင်ရာ ဖီဆန်ခြင်းကို ပြသနေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးဗဂါအီက အောက်တိုဘာ ၂၈ရက်တွင် ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် အီရန်နှင့် အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ခဲ့ပြီး ၎င်းဆောင်ရွက်ချက်အား မိမိသဘောမကျကြောင်း၊ အဆိုပါ အပစ်အခတ်ရပ်စဲရေးကိစ္စသည် အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု မစ္စစ္စပီ ပြည်နယ်တွင်ကျင်းပသည့် လူထုစည်းဝေးပွဲတွင် သမ္မတထရမ့်က ပြောကြားခဲ့ပြီးနောက် ဗဂါအီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ အဆိုပါထရမ့်၏ ပြောဆိုချက်ကို ကြည့်ခြင်းအားဖြင့် ဝါရှင်တန်၏ သံတမန်ရေးဆိုင်ရာ ဖီဆန်မှုကို အထင်အရှားပြသနေကြောင်းနှင့် အစ္စလာမာဘတ် ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာအပေါ်တွင် သမ္မတ ထရမ့်က ယုံကြည်မှုမရှိကြောင်း ဝန်ခံလိုက်ခြင်းသာဖြစ်ကာ လက်မှတ်ရေးထိုးမှုအား အချိန်ဖြုန်းခြင်းဖြစ်သည်ဟု ပြောကြားခြင်းမှာလည်း အမေရိကန်၏ သံတမန် ရေးရာကတိကဝတ်များမှာ အနှစ်သာရကင်းမဲ့နေကြောင်း ပြသခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ဆင်ဟွာ